မက်ဂွိုင်းယားကို ပေါင်သန်း ၅၀ ဖြင့် မန်ယူနိုက်တက်ကမ်းလှမ်းရန် အသင့့်ဖြစ်နေ

မက်ဂွိုင်းယားကို ပေါင်သန်း ၅၀ ဖြင့် မန်ယူနိုက်တက်ကမ်းလှမ်းရန် အသင့့်ဖြစ်နေ

 

ဇူလိုင် ၁၃၊ မန်ချက်စတာ။              ။ မန်ချက်စတာယူနိုက်တက်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြနေသည့် လက်စတာ နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားကို   ပြောင်းရွှေ့ကြေးများပြားစွာဖြင့် ကမ်းလှမ်းဖွယ်ရှိနေသည်။

အိုးထရက်ဖို့ဒ်ကလပ်အနေဖြင့် မက်ဂွိုင်းယားအတွက် ပေါင်သန်း ၅၀ ဖြင့်ကမ်းလှမ်းမည်ဆိုပါက လက်စတာအသင်း၏ ထိုင်းလူမျိုးပိုင်ရှင်အနေဖြင့် တားဆီးရခက်ဖွယ်ရှိသည်။

မက်ဂွိုင်းယားသည် ပြီးခဲ့သည့်ရာသီကမှ ဟားလ်စီးတီးမှ ပေါင် ၁၇ သန်းဖြင့်ပြောင်းလာသူဖြစ်သော်လည်း ရုရှကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပြသနေသည့် ခြေစွမ်းကြောင့် တန်ဖိုးမြင့်တက်သွားခြင်းဖြစ်သည်။

မက်ဂွိုင်းယားမှာ ပွဲကြီးများ၏ဖိအားကို ခံနိုင်ရည်ရှိသူဖြစ်၍ အင်္ဂလန်နည်းပြဆောက်ဂိတ်က ရွေးချယ်ထားရာ ယင်းမှာ ယူနိုက်တက်အတွက်လည်း သင့်တော်နေသည်။

မက်ဂွိုင်းယားအနေဖြင့် အင်္ဂလန်အသင်းမှာကဲ့သို့ စွမ်းဆောင်နိုင်မည်ဆိုပါက မော်ရင်ဟို၏လူစာရင်း၌ ဖီးလ်ဂျုံးစ် သို့မဟုတ် စမောလင်း၏ နေရာကို ရရှိဖွယ်ရှိသည်။

အတားအဆီးတစ်ခုမှာ အပြောင်းအရွှေ့ဈေးကွက် သြဂုတ် ၉ တွင် ပိတ်ခြင်းဖြစ်ပြီး ယင်းအချိန်တွင် အင်္ဂလန်လက်ရွေးစင် ကစားသမားများ အနားယူနေရာမှ ပြန်ရောက်လာကာစပင် ရှိသေးသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly