မိမိတွင် HIV ရောဂါရှိပါက ကလေးကို မကူးစက်အောင် မည်သို့ ကာကွယ်မည်နည်း

မိမိတွင် HIV ရောဂါရှိပါက ကလေးကို မကူးစက်အောင် မည်သို့ ကာကွယ်မည်နည်း

ရေးသားသူ Dr. Zin Thu Thu Win
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်း၏ စစ်တမ်းများအရ အသက် ၁၅ နှစ်အောက် ကလေး ၃.၂ သန်းသည် AIDS ရောဂါ ရှိနေသည်ဟု ၂၀၁၃ ရလဒ်များက ဖော်ပြနေပါသည်။ HIV ရောဂါပိုးသည် AIDS ဖြစ်စေနိုင်သော ရောဂါပိုး ဖြစ်ပါသည်။ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါသည်။ အထူးသဖြင့် ကလေးများတွင် ဖြစ်ပါသည်။ ကလေးများကို မည်သို့ ကာကွယ်သင့်သည်ကို ဖော်ပြပါမည်။

ရောဂါပိုးရှိသော ကလေးများသည် မိခင်မှကလေးသို့ ကိုယ်ဝန်ဆောင်စဉ်၊ မွေးစဉ်၊ နို့တိုက်ချိန်များတွင် ကူးစက်ခြင်း ဖြစ်ပါသည်။ တခြားသော ဖြစ်လေ့ဖြစ်ထ သိပ်မရှိသော အကြောင်းရင်းများမှာ –
• သွေးသွင်းခြင်း – ကလေးများသည် ရောဂါပိုးရှိသော သွေး၊ သန့်စင်ထားခြင်း မရှိသောသွေးများကို သွင်းမိပါက HIV ပိုးဝင်ခြင်းနှင့် AIDS ရောဂါ ဖြစ်ပွားနှုန်း များပါသည်။
• တရားမဝင်ဆေးများ သုံးစွဲခြင်း – လမ်းဘေး ကလေးများတွင် တရားမဝင်ဆေး သုံးခြင်းကြောင့် ကူးနိုင်ခြေပို၍ များပြားပါသည်။
• လိင်ဆက်ဆံခြင်း – ကလေးများတွင် ရှားပါးသော်လည်း မုဒိမ်းကျင့်ခံရခြင်းနှင့် ကာမ သားကောင်များ ဖြစ်သွားလျှင် ကူးနိုင်ပါသည်။

မိခင်မှကလေးကို ကူးစက်နိုင်မှုကို ကာကွယ်ခြင်း

ရောဂါပိုးရှိသော မိခင်မှ ပုံမှန်ကလေးတစ်ယောက်ကို HIV ကူးစက်နိုင်ပါသည်။ ကိုယ်ဝန်နုစဉ် အချိန်တွင် ကုသမှုခံယူပါက ရောဂါပိုးရှိသော မိခင်သည် ရောဂါပိုးရှိသော ကလေး မွေးနိုင်ရန် ၂ ရာခိုင်နှုန်းအောက်သာ ရှိပါသည်။

အမျိုးသမီးတိုင်းသည် ကိုယ်ဝန်စဆောင်စဉ် မှစ၍ HIV ရောဂါပိုးကို စစ်ဆေးထားရမည်။ အရေးကြီးလျှင် မမွေးခင် နောက်တစ်ခါ ရောဂါပိုး စစ်ဆေးရပါမည်။ ကုသမှုအနေနှင့် ART ဆေးသည် အကောင်းဆုံး ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးစဉ် အချိန်မျာတွင် သုံးနိုင်ပါသည်။ ကလေးမွေးစဉ် မွေးကင်းစများကို မွေးမွေးပြီးချင်းပေးလျှင် မိခင်မှ ကလေးကို ကူးစက်နိုင်မှုနှုန်း ကျဆင်းစေပါသည်။

နို့တိုက်ခြင်းမှလည်း မိခင်မှကလေးသို့ ကူးစက်နိုင်ပါသည်။ HIV ရှိသော မိခင်များသည် နို့မတိုက်သင့်ပါ။ နို့မှုန့် သို့မဟုတ် ဆရာဝန်က ညွှန်ကြားထားသော နို့ရည် သိမ်းဆည်းရေးဌာနမှ နို့ရည်ကိုတိုက်ရပါမည်။ မိမိ ကလေးနှင့် ဆက်ဆံရေး တိုးမြင့်အောင် ပြုလုပ်ရပါမည်။

• ကလေးနှင့် HIV/AIDS အကြောင်း ဆွေးနွေးရပါမည်။ တီဗီ၊ ရေဒီယိုများတွင် တွေ့၍ ကလေးက မေးမြန်းပါက ကလေးကို ထိုရောဂါအကြောင်း ကြားဖူးသလား၊ ထိုရောဂါအကြောင်း ဘယ်လိုထင်သလဲ စသည်ဖြင့် ဆွေးနွေးရပါမည်။

• အချက်အလက်များကို ပွင့်ပွင့်လင်းလင်း ပြောပြရပါမည်။ ကလေး၏ အသက်နှင့် လိုက်လျောညီထွေဖြစ်သည့် စကားလုံးများကို ရွေးချယ်၍ ပြောပြရပါမည်။ ၈ နှစ်ကလေး တစ်ယောက်အတွက် AIDS ရောဂါသည် နေမကောင်းဖြစ်စေသော ရောဂါဖြစ်သည်၊ HIV ဟုခေါ်သည့် ရောဂါပိုးကလေးမှ ဖြစ်သည် စသည်ဖြင့် ရှင်းပြရပါမည်။ အသက်နည်းနည်းကြီးသော ကလေးများအဖို့ ရောဂါပိုးသည် မည်သို့မည်ပုံ ကူးစက်နိုင်သည်၊ ကွန်ဒုံးကို အသုံးပြု၍ ကာကွယ်နိုင်ကြောင်း၊ လိင်ဆက်ဆံခြင်းသည် မည်သို့ဖြစ်ကြောင်း ရှင်းပြထားရပါမည်။ မှန်ကန်သော အချိန်တစ်ခုရောက်လျှင် ရောဂါပိုး မကူးစက်အောင် မည်သို့မည်ပုံ နေရမည်ကို ပြောပြထားသင့်ပါသည်။

• နားလည်မှု ယူထားရပါမည်။ AIDS ရောဂါသည် တခြား ရောဂါပိုး ရှိသူများအနီးတွင် ရှိပါက ကူးနိုင်သည်ဟု အတွေးမှားများ ဝင်နေကြသည်။ ထို့ကြောင့် မှန်ကန်သော အမြင်သို့ ပြောင်းလဲပေးရမည်။

• ကလေး၏ ယုံကြည်စိတ်ကို မြှင့်တင်ပါ။ မိမိ၏ ကလေးကို အားပေးခြင်း၊ ပန်းတိုင်တစ်ခုကို သတ်မှတ်ပေးခြင်း၊ စိတ်ဝင်စားရာနောက်ကို လိုက်ခိုင်းခြင်း တို့ကို ပြုလုပ်ပေးပါ။ ကလေးများသည် မိမိကိုယ်တိုင် ပျော်ရွှင်မှုရနေလျှင် တခြားသော စိတ်ဖိစီးမှုများကို တွန်းလှန်နိုင်ပါသည်။ ကလေးများကို လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ သင်ကြားထားပေးရပါမည်။ HIV/AIDS ရောဂါနှင့် တခြားသော ကာလသား ရောဂါများ မဖြစ်ပွားစေရန် အကောင်းဆုံး နည်းလမ်းမှာ လိင်မဆက်ဆံခြင်းပင် ဖြစ်ကြောင်း ပြောပြထားရပါမည်။

• ကလေးများကို ပြောရဲသည့် သတ္တိရှိအောင် လေ့ကျင့်ပေးပါ။ မှန်ကန်သော အကာအကွယ်ဖြင့် လိင်ဆက်ဆံလျှင် ရောဂါ မဖြစ်နိုင်ကြောင်း သင်ကြားထားပေးရပါမည်။

HIV ရှိသော ကလေးများနှင့် သံသယရှိသော ကလေးများ၏ မိခင်များတွင် ရောဂါပိုး ရှိတတ်ကြပါသည်။ ရောဂါလက္ခဏာ မပြသော်လည်း ဆရာဝန်သည် ဆေးစတင် တိုက်ရပါမည်။ ထိုမှသာ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်မည် ဖြစ်ပါသည်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags