အာဖဂန်နစ္စတန်တွင် မြေပြို၍ အနည်းဆုံး လူဆယ်ဦး သေဆုံး

အာဖဂန်နစ္စတန်တွင် မြေပြို၍ အနည်းဆုံး လူဆယ်ဦး သေဆုံး

ကဘူးလ်၊ ဇူလိုင် ၁၃ ။             ။ အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်အစွန်ပိုင်းတွင် တောင်ကြားတစ်လျှောက် တော်လဲသံကြီးကဲ့သို့ မြည်သံကြီးပေးပြီး တုန်ခါမှုများ ဖြစ်ပေါ်ရာ ကျေးရွာများမှ ပြည်သူများ အသက်လု ထွက်ပြေးကြပြီး မိနစ်ပိုင်းတွင် မြေပြိုမှုဖြစ်၍ အိမ်များစွာ ရွံ့နှင့် ရေများ ဖုံးလွှမ်းသွားခဲ့သည်။

ကဘူးလ်မြို့တော် မြောက်ဖက် တောင်ထူထပ်ရာ ပန်ရှားပြည်နယ်က ကျေးရွာ တစ်ချို့ ဇူလိုင် ၁၂ ရက် အစောပိုင်းက ယခု မြေပြိုမှု ကြုံခဲ့ရာတွင် အနည်းဆုံး လူ ဆယ်ဦး သေဆုံးခဲ့သည်။

ရာပေါင်းများစွာသော အိမ်များ၊ ဈေးဆိုင်ခန်းများ၊ ဗလီများနှင့် ကားများ ပျက်စီးခဲ့ရသည်။

မြေပြိုမှုကို ဖြစ်ပေါ်စေသော ငလျင်ကဲ့သို့ တုန်ခါမှု ဖြစ်ပြီးနောက် လေထဲသို့ သတိပေး သေနတ်များ ပစ်ဖောက်ကြသဖြင့် ပြည်သူများ အများစုမှာ အိပ်ရာမှ ထကြကာ ကုန်းမြင့်များအပေါ် တက်ပြေးရန် အချိန်လုံလောက်စွာ ရခဲ့ကြခြင်းဖြစ်သည်။

“ကျွန်တော်က ဗလီထဲမှာ ထိုင်နေတာ။ ကျွန်တော် ထိုင်နေတဲ့ အောက်မှာ မြေကြီးလှုပ်တာ ခံစားရတယ်။ ရေစီးသံလို ကြားရပြီး ကျယ်သထက် ကျယ်လောင်လာတာဖြစ်တယ်။”ဟု မူလက်ရှာရစ်ဆိုသူက အေအက်ဖ်ပီသို့ ပြောခဲ့သည်။

သို့သော်လည်း မူလက်အနေဖြင့် ဗလီအား မြေကြီးများ ဖုံးကာ ပျောက်ကွယ်မသွားစဉ် ထွက်ပြေးရန် အချိန် ကောင်းစွာ ရခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly