ဘာစီလိုနာအသင်းဟာ ပြင်သစ်ဗဟိုနောက်ခံလူ လန်လက်ရဲ့ စာချုပ်မှာပါတဲ့ လောျ်ကြေး ယူရို ၃၅.၉ သန်းကို ဆီဗီလာအသင်းထံ ပေးဆောင်ခဲ့ပြီးနောက် ကစားသမားကို ခေါ်ယူနိုင်ခဲ့တယ်လို့ ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။
လန်လက်ဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိ သက်တမ်းရှိတဲ့ (၅)နှစ် စာချုပ်အပြင် ယူရို သန်း ၃၀၀ တန်ကြေးရှိ လျော်ကြေးတစ်ရပ်ကိုလည်း ထည့်သွင်း ချုပ်ဆိုသွားမယ်လို့ လာလီဂါကလပ်ကို ပြောပါတယ်။
“ဘာစီလိုနာအသင်းဟာ လန်လက်အတွက် စာချုပ်ပါလျော်ကြေးပမာဏကို ပေးဆောင်ခဲ့ပါတယ်။ သူဟာ ဆီဗီလာအသင်းရဲ့ ကစားသမားတစ်ယောက် မဟုတ်တော့ပါဘူး။”လို့ ကလပ်အသင်းက ကြေညာချက်မှာ ပြောပါတယ်။
အဆိုပါကစားသမားကို ပရိသတ်တွေနဲ့ သောကြာနေ့မှာ မိတ်ဆက်သွားဖို့ စီစဉ်ထားပါတယ်။
Ref; EFE-EPA