တောင်တရုတ်ပင်လယ်အရေး သည်ဟိတ်တရားရုံး ဆုံးဖြတ်ချက် နှစ်ပတ်လည်တွင် တရုတ်ကောင်စစ်ဝန်ရုံးနား ဖိလစ်ပိုင် ပြည်သူများ ဆန္ဒပြ

တောင်တရုတ်ပင်လယ်အရေး သည်ဟိတ်တရားရုံး ဆုံးဖြတ်ချက် နှစ်ပတ်လည်တွင် တရုတ်ကောင်စစ်ဝန်ရုံးနား ဖိလစ်ပိုင် ပြည်သူများ ဆန္ဒပြ

မနီလာ၊ ဇူလိုင် ၁၂ ။             ။ တောင်တရုတ်ပင်လယ် အငြင်းပွားမှုတွင် နိုင်ငံတကာ သည်ဟိတ်တရားရုံးက ဆုံးဖြတ်ချက်ပြီး နှစ်နှစ်အတွင်း အငြင်းပွားရာ ရေပိုင်နက်တွင် တရုတ်၏ လုပ်ကိုင်ဆောင်ရွက်ချက်များကို ဝေဖန်အပြစ်ဆိုလျက် မနီလာရှိ တရုတ်ကောင်စစ်ဝန်ရုံးအနီးတွင် ဒါဇင်များစွာသော ပြည်သူများ ဇူလိုင် ၁၂ ရက်က ဆန္ဒပြကြသည်။

လက်ဝဲအုပ်စုဖြစ်သော Akbayan က စီစဉ်ပြုလုပ်သည့် ယခုဆန္ဒပြမှုတွင် အင်အား ၅၀ နီးပါးရှိကာ ငြိမ်းချမ်းစွာဖြင့် တစ်နာရီခန့် စုဝေးဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြသူများက “အချုပ်အခြာပိုင်နက်အတွက် တိုက်ပွဲဝင်ကြ”၊ “စကာဘောရော့ရေပိုင်နက်က ဖိလစ်ပိုင် ပိုင်နက်ဖြစ်”စသည့် ဆိုင်းပုဒ်များ ကိုင်ဆောင်ထားကြသည်။ ၎င်းတို့ ရည်ညွန်းသည်မှာ တောင်တရုတ်ပင်လယ်ရှိ သန္တာကျောက်တန်းနှင့် ကျောက်ဆောင်ကျောက်တန်းများရှိရာ ရေပိုင်နက်ဖြစ်ပြီး ယင်းပိုင်နက်အတွက် ဖိလစ်ပိုင်၊ တရုတ်နှင့် ထိုင်ဝမ်တို့ အငြင်းပွားလျက်ရှိခြင်း ဖြစ်သည်။

၂၀၁၆ ဇူလိုင် ၁၂ ရက်က တောင်တရုတ်ပင်လယ် ကျွန်းစုများ ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ဖိလစ်ပိုင်အား အနိုင်ပေးလိုက်သည့် သည်ဟိတ် တရားရုံး ဆုံးဖြတ်ချက် ချခဲ့ရာ နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် တိုက်ဆိုင်စွာ ယခု ဆန္ဒပြပွဲကို စီစဉ်ကျင်းပခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly