မြင်​့​ဆွေဆိုသူက ခြိမ်​း​ခြောက်​ခိုင်​း​၍ ဦးကိုနီအား သတ်​ခဲ့ခြင်​းဟု ဦးကြည်​လင်​းထွက်​ဆို

မြင်​့​ဆွေဆိုသူက ခြိမ်​း​ခြောက်​ခိုင်​း​၍ ဦးကိုနီအား သတ်​ခဲ့ခြင်​းဟု ဦးကြည်​လင်​းထွက်​ဆို
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

 

ဇူလိုင် ၁၂ ။            ။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား သတ်ဖြတ်ရန် မြင့်ဆွေဆိုသူက ခြိမ်းခြောက်ခိုင်းစေခဲ့ကြောင်း ယနေ့ ဇူလိုင်လ ၁၂ ရက်က ပြုလုပ်သော တရားခွင်တွင် ဦးကြည်လင်းက ထွက်ဆိုခဲ့သည်။

အဆိုပါ မြင့်ဆွေမှာ မန္တလေးသားဖြစ်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်တွင် နေထိုင်ကာ ဦးကြည်လင်းနှင့် ၂၅ နှစ်အရွယ်ကတည်းက ခင်မင်သူဖြစ်ကြောင်း ဦးကြည်လင်းက တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။

မြင့်ဆွေက ဦးကြည်လင်းအား လေဆိပ်သို့ ဖုန်းဆက်ချိန်းဆိုပြီး ဖုန်းထဲမှ ဦးကိုနီ ဓာတ်ပုံအား ထုတ်ပြကာ ဦးခေါင်းအား သေနတ်ဖြင့် အနီးကပ်ပစ်သတ်ရန်ခိုင်းစေခဲ့ကြောင်း တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။

ထိုသို့ ခိုင်းစေမှုအား ဦးကြည်လင်းက ငြင်းဆိုခဲ့သော်လည်း သူနှင့် သူ့ မိသားစု၏ အသက်အန္တရာယ်အား ခြိမ်းခြောက်ခိုင်းစေလာသည့်အတွက် ကြောက်ကြောက်နှင့် လုပ်ခဲ့ရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

"ဒီနေရာမှာတော့ ဘာသွားတွေ့ရလဲဆိုတော့ စာရေးဆရာ ထောင်ထွက်အောင်စိုးပြောသလို သူက ပရဟိတ လူသတ်သမားဖြစ်နေတယ်။ ပိုက်ဆံရလို့မဟုတ်ဘူးဆိုတော့ ပရဟိတပေါ့။ နောက်ဆုံး ဖုန်းပြောတဲ့မှတ်တမ်းနဲ့ ပတ်သက်လို့ တရားသူကြီးက မေးတဲ့အခါမှာ သူအောင်ဝင်းဇော်နဲ့ပြောတာမဟုတ်ဘူးတဲ့ မြင့်ဆွေနဲ့ပြောတာဆိုတော့ အဲ့ဒီမှတ်တမ်းက မြင့်ဆွေဆိုတာ ဘယ်သူ့ကို ရည်ညွှန်းလည်းဆိုတဲ့ သူတို့ရဲ့မြှုပ်ကွက်က ပေါ်သွားပြီ"ဟု အငှားယာဉ်မောင်း ဦးနေဝင်းမိသားစုဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ယနေ့ ဇူလိုင်လ ၁၂ ရက်၊ နံနက်ပိုင်း ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ဦးကြည်လင်းအပါအဝင် ဦးအောင် ဝင်းဇော်၊ ဦးဇေယျာဖြိုးတို့ ၃ ဦးကို အကြိမ် ၆ဝ မြောက် ရုံးထုတ်ခဲ့သည်။

ယနေ့ ရုံးချိန်းတွင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခဲ့သည့် ဦးကြည်လင်း အား စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly