အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံသို့ ဒေါ်လာသုံးသန်း အရေးပေါ်ထောက်ပံ့

အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံသို့ ဒေါ်လာသုံးသန်း အရေးပေါ်ထောက်ပံ့
ADB အဆောက်အဦးရှေ့ရှိ အာရှဖွ့ံဖြိုးရေးဘဏ် (ADB) အမှတ်တံဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေ

စက်တင်ဘာ ၃ ။            ။ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အမေရိကန် ဒေါ်လာ သုံးသန်းကို မြန်မာနိုင်ငံရေဘေးသင့်ဒေသ များ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အရေးပေါ်ထောက်ပံ့ပေးခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဝင်းနှင့် အာရှဖွံ့ဖြိုးရေးဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ Country Director ဖြစ်သည့် Mr.Winfried Wicklein တို့က စက်တင်ဘာ ၂ ရက်နေ့ကနေပြည်တော် ဘဏ္ဍာရေးဝန်ကြီးဌာန၌ အရေးပေါ်ထောက်ပံ့မှု စာချုပ်လက်မှတ်ရေးထိုးသည်။

ယင်းထောက်ပံ့ငွေများကို အမျိုးသားသဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ၏ စီမံခန့်ခွဲပြီး ရေဘေးသင့်ဒေသများရှိ ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် သုံးစွဲမည်ဖြစ်သည်။

Ref; သတင်းစဉ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required