ထိုင်းလှိုဏ်ဂူကယ်ဆယ်ရေးဖြစ်ရပ်အား ဟောလိ၀ုဒ်ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးမည်

ထိုင်းလှိုဏ်ဂူကယ်ဆယ်ရေးဖြစ်ရပ်အား ဟောလိ၀ုဒ်ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးမည်

ဇူလိုင် ၁၂ ။                 ။ လှိုဏ်ဂူထဲ ပိတ်မိနေခဲ့တဲ့ ထိုင်းလူငယ် ၁၂ ဦးနဲ့ ဘောလုံးနည်းပြတို့ကို အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့တဲ့ ဖြစ်စဉ်ကို ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေး Pure Flix ကရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးမယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာနေထိုင်လျက်ရှိပြီး ထိုင်းလူငယ်လေးတွေကို ကယ်ဆယ်တဲ့ ဒေသကိုသွားရောက်လေ့လာခဲ့တဲ့ Pure Flix ရဲ့အုပ်ချုပ်မှုဒါရိုက်တာ Michael Scott က ပြီးခဲ့တဲ့ အင်္ဂါနေ့၊ Twitter မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ထိုင်းရေတပ်အရာရှိနဲ့ Michael Scott ရဲ့ဇနီးတို့ဟာ ငယ်သူငယ်ချင်းတွေဖြစ်ကြသလို ဒီလိုရဲရဲဝံ့ဝံ့ကယ်ဆယ်တာတွေကို မျက်မြင်ကိုယ်တွေ့ကြုံရတဲ့အတွက်ကြောင့် ရုပ်ရှင်ရိုက်ကူးသွားမှာပါလို့ ၎င်းကပြောပါတယ်။

ဒီဖြစ်ရပ်ကို ပြန်လည်ရိုက်ကူးပြီး တစ်ကမ္ဘာလုံးကလူတွေကိုလွှမ်းမိုးနိုင်တဲ့ ဇာတ်ကားဖြစ်လာစေဖို့ မျှော်လင့်ပါတယ်လို့ ၎င်းကဆက်ပြောပါတယ်။

ထိုင်းလှိုဏ်ဂူထဲမှာပိတ်မိနေတဲ့ ကလေး ၁၂ယောက်ကို ကမ္ဘာတစ်ဝန်းက လာရောက်ကယ်ဆယ်ပေးကြတဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးဖို့အတွက် လိုအပ်တဲ့ဖုန်းနံပါတ်တွေ၊ အချက်အလက်တွေကို စုဆောင်းနေတယ်လို့ သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags