တောဝက်အသင်း ကလေးငယ်များ ကိုယ်အလေးချိန် နှစ်ကီလိုဂရမ်ခန့် ဆုံးရှုံးသော်လည်း ကျန်းမာရေးကောင်း

တောဝက်အသင်း ကလေးငယ်များ ကိုယ်အလေးချိန် နှစ်ကီလိုဂရမ်ခန့် ဆုံးရှုံးသော်လည်း ကျန်းမာရေးကောင်း

ဘန်ကောက်၊ ဇူလိုင် ၁၁ ။            ။ သီတင်းပတ် နှစ်ပတ်ကျော်ကြာ လိုဏ်ဂူအတွင်း ပိတ်မိခဲ့သည့် တောဝက်ဘောလုံးအသင်း ကလေးငယ် ၁၂ ဦးနှင့် နည်းပြဖြစ်သူတို့သည် ကိုယ်အလေးချိန် နှစ်ကီလိုဂရမ်နီးပါး ဆုံးရှုံးမှုဖြစ်ခဲ့သော်လည်း ကျန်းမာရေး စိုးရိမ်စရာမရှိကြောင်း ထိုင်းဆေးပညာအဖွဲ့တစ်ရပ်က ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်သည်။

အချို့သော ကလေးငယ်များမှာ အဆုတ်ရောင်ရောဂါ ဖြစ်သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ လွန်ကဲသည့် ကျန်းမာရေးပြဿနာ မရှိကြောင်း ၎င်းတို့၏ ကျန်းမာရေးကို တာဝန်ယူထားရသည့် ချင်းရိုင်ပြည်နယ်ဆေးရုံမှ ဆေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

မယ်ဆိုင်ရှိ ထွမ်လွန်လိုဏ်ဂူအတွင်း အဆိုပါ ကလေးငယ် ၁၂ ဦးနှင့် နည်းပြဖြစ်သူတို့သည် မိုးသည်းထန်၍ ရေလျှံတက်ခြင်းကြောင့် လိုဏ်ဂူထဲ ဇွန် ၂၃ ရက်တွင် ပိတ်မိပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အား ပြီးခဲ့သည့် သီတင်းပတ်ကမျှ ရှာဖွေတွေ့ရှိကာ ဇူလိုင် ၈ ရက်တွင် စတင်ကယ်ဆယ်ရေး ဆောင်ရွက်ပြီး သုံးရက်တာ ကယ်ဆယ်ရေး ဆောင်ရွက်မှုဖြင့် ဇူလိုင် ၁၀ ရက်တွင် အားလုံးအား ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly