ဝ ၊ KIA ၊ မိုင်းလား၊ SSPP အဖွဲ့များနှင့် တပ်ချုပ်တွေ့ဆုံ

ဝ ၊ KIA ၊ မိုင်းလား၊ SSPP အဖွဲ့များနှင့် တပ်ချုပ်တွေ့ဆုံ
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

နေပြည်တော် ၊ ဇူလိုင် ၁၁ ။         ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် UWSA ဝအဖွဲ့၊ ကချင် KIO ၊ မိုင်းလား NDAA ၊  SSPP အဖွဲ့မှ ကိုယ်စားလှယ်များနှင့် ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းခန့်တွင်တွေဆုံဆွေးနွေးခဲ့သည်။

KIO မှ ဗိုလ်ချုပ် ဂွန်မော်က "FPNCC ကော်မတီ အနေနဲ့ပဲ ပြောပေးသွားပါမယ်။ အခုတစ်ဖွဲ့ချင်းအနေနဲ့ ပြောလို့ မရသေးပါဘူး" ဟုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့အပြီးတွင်ဆိုသည်။

အဆိုပါ တွေ့ဆုံမှုများနှင့် ပတ်သက်ပြီး တွေ့ဆုံသည်ဟု သာ တပ်မတော်မှ ထုတ်ပြန်ထားသော်လည်း အကြောင်းအရာအသေးစိပ် ပါဝင်ခြင်းမရှိပေ။

တပ်မတော်မှ မြောက်ပိုင်းမဟာမိတ်များနှင့်တွေ့ဆုံရာတွင် UWSA၊ KIO၊ SSPP ၊ NDAA တို့နှင့် တစ်ကြိမ် TNLA၊ MNDAA ၊ AA တို့နှင့်တစ်ကြိမ် ခွဲပြီးတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့များအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ယနေ့တွင် တွေ့ဆုံခဲ့သလို မနက်ဖြန် ဇူလိုင်လ ၁၂ ရက်နေ့တွင်လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသွားမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly