မွန်ဂိုယောင်းနှင့် ယွတ်ခ်ဆောင်ဂျီတို့ Village ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သွားမည်

မွန်ဂိုယောင်းနှင့် ယွတ်ခ်ဆောင်ဂျီတို့ Village ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သွားမည်

ဆိုးလ် ၊ စက်တင်ဘာ ၂ ။            ။ တောင်ကိုရီယားမင်းသမီး မွန်ဂိုယောင်းနှင့် BTOB အမျိုးသားအဆိုတော်အဖွဲ့မှ ယွတ်ခ်ဆောင် ဂျီတို့သည် မကြာမီ ထုတ်လွှင့်ပြသမည့် SBS ရုပ်သံ၏ သည်းထိတ်ရင်ဖို ဇာတ်ကား Village – Achiara’s Secret  ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်း အတည်ပြု ပြောကြားသည်။

မွန်ဂိုယောင်းနှင့် ယွတ်ခ်ဆောင်ဂျီတို့သည် အဆိုပါဇာတ်ကားတွင် ခေါင်းဆောင်နေရာမှ ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်သည်။

မွန်ဂိုယောင်သည် Achiara မြို့သို့ ပြောင်းရွှေ့ခဲ့ရသည့် အင်္ဂလိပ်စာဆရာမ ကင်ဆိုယွန်းအ ဖြစ် ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်သည်။ ယွတ်ခ်ဆောင်ဂျီသည် စာမေးပွဲသုံးကြိမ် ကျခဲ့ပြီးနောက်နောက်ဆုံး တွင်ရဲတပ်ဖွဲ့ဝင် ဖြစ်ချင်သည့် ၎င်း၏ စိတ်ကူးအိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့ သည့် ပက်ခ်ဝူဂျေးအဖြစ် သရုပ်ဆောင်သွားမည် ဖြစ်သည်။

၎င်းတို့ နှစ်ဦးသည် Achiara မြို့တွင် တူးဖော်ရရှိသည့် လျှို့ဝှက်စွာ သေဆုံးခဲ့သည့် အလောင်း များ၏ နောက်ကွယ်မှ လျှို့ဝှက်ချက်ကို ပူးပေါင်းဖော်ထုတ်သွားမည့်သူများအဖြစ် ပါဝင်သရုပ်ဆောင် မည်ဖြစ် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly