ပင်လုံကျင်းပနေချိန်တပ်မတော်နှင့် RCSS ထိတွေ့မှုဖြစ်

ပင်လုံကျင်းပနေချိန်တပ်မတော်နှင့် RCSS ထိတွေ့မှုဖြစ်

ရန်ကုန်၊ ဇူလိုင် ၁၁ ။            ။ ၂၁ ရာစုပင်လုံကျင်းပနေသည့်အချိန်တွင် ရှမ်းပြည်နယ်၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ် ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် တပ်မတော်တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းရွာဘက်တွင် ဇူလိုင် ၁၀ ရက် နံနက် ၁၁ နာရီခန်မှ နေ့လယ် ၁ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ တပ်ကနယ်မြေစိုးမိုးရေး၊ နယ်မြေလှုပ်ရှားရေးဆိုပြီးတော့ ကျွန်တော်တို့ အဲ့မှာရှိတဲ့နေရာကို တက်တိုက် လို့ဖြစ်တာပါ။ ဒီနေ့ကတော့ တိုက်ပွဲရယ်လို့တော မဟုတ်ပါဘူး။ ဒီနေ့တော့ ဟိုခဲ ဘက်မှာဖြစ်တယ်လို့ကြားတယ်" ဟု RCSS ဘက်မှ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးကပြောသည်။

အဆိုပါ ထိတွေ့မှုများကြောင့် ဟမ်းငိုင်းရွာဘက်မှ ရွာသား ၅၀၀ ကျော်ခန့်စစ်ဘေးရှောင်နေရပြီး နီးစပ်ရာဘုန်းကြီးကြောင်းများတွင် ခိုလှုံနေရကြောင်း လည်း ၎င်းကဆိုသည်။

NCA ထိုးပြီးနောက်ပိုင်း ၁နှစ်ကျော်ကျော်အတွင်းတွင် တပ်မတော်နှင့် RCSS/ SSA အနေဖြင့် မတော်တ ဆဖြစ်ပွားသည့် တိုက်ပွဲပေါင်း ၂၀ ခန့်ရှိနေသည်ဟု ဒုဗိုလ်မှူးစိုင်းငင်းက ပြီးခဲ့သည့် ဇန်နဝါရီလ တွင် ပြောဆိုထားသည်။

RCSS/SSA သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ကို အခြားတိုင်းရင်းသား ၇ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးထားသည့်အဖွဲ့    ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly