မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ဥရောပသမဂ္ဂမှ ယူရို ၁၄ သန်းထောက်ပံ့

မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ဥရောပသမဂ္ဂမှ ယူရို ၁၄ သန်းထောက်ပံ့

 

ရန်ကုန်၊ ဇူလိုင် ၁၁ ။                ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး အသွင်ကူးပြောင်းခြင်းကိုကူညီသည့်အနေဖြင့် ဥရောပသမဂ္ဂ(EU) အဖွဲ့မှ ယူရို ၁၄ သန်းထောက်ပံ့ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးမှသိရသည်။

မြန်မာငွေ ကျပ်  ၂၃ဒဿမ၂ ဘီလီယံ နှင့်ညီမျှသည့်အဆိုပါငွေပေးအပ်သည့်အခန်းအနားကို ဇူလိုင်လ ၁၀ ရက်နေ့ နေပြည်တော်တွင် ဘဏ္ဍာရေးနှင့်စီမံကိန်း ဝန်ကြီးဌာ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်နှင့် EUမှကိုယ်စားလှယ်များကလက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

“ ဒီမိုကရက်တစ်အသွင်ကူးပြောင်းရေးဟာအီးယူအတွက်ဦးစားပေး လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ် “ ဟု EU မြန်မာရုံးမှ ဖွံ့ဖြိုးရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ခေါင်းဆောင် Dr Johann Hesse ကပြောသည်။

ထို့အပြင် ယူရို ၁၄ သန်း ကို My Govemanace နှင့် Step2Democracy စီမံကိန်းတို့မှ တစ်ဆင့် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ယခုထောက်ပံ့ခဲ့သည့်ငွေများသည် မြန်မာနိုင်ငံရှိ အုပ်ချုပ်မှုကဏ္ဍမြင့်တင်ရေးနှင့် မူဝါဒများချမှတ်ဆောင်ရွက်မှု၊ ဥပဒေပြုပြင်ပြောင်းလဲရေးတို့အတွင် အသုံးပြုရန်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ EU ရုံးမှသိရသည်။

ထို့အပြင်  လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများနှင့် ဒေသခံအရပ်သားစောင့်ကြည့်မှုများအတွက် သာမက ရွေးကောက်ပွဲကော်မရှင်အတွက်လည်း   ထောက်ပံ့မှုများ   ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required