အာရပ်နိုင်ငံများအတွက် ဒေါ်လာ ဘီလီယံ ၂၀ ချေးမည်ဟု တရုတ် ကတိပြု

အာရပ်နိုင်ငံများအတွက် ဒေါ်လာ ဘီလီယံ ၂၀ ချေးမည်ဟု တရုတ် ကတိပြု

ပေကျင်း၊ ဇူလိုင် ၁၀ ။         ။ တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးရေးအတွက် အာရပ်နိုင်ငံများကို အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ချေးသွားမည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ဇူလိုင် ၁၀ ရက်တွင် ထိပ်တန်းအာရပ်တာဝန်ရှိသူများအား ကတိပြုလိုက်သည်။

အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့တွင် သြဇာတည်ဆောက်နေသည့်အတွက် ပေကျင်းက ယခုကဲ့သို့ အာရပ်နိုင်ငံများအား ချေးငွေ ချထားပေးခြင်းလည်း ဖြစ်သည်။

ယခု ချေးငွေသည် အာရပ်နိုင်ငံများတွင် ကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများနှင့် အပြုသဘောဆောင်သော လူမှုသက်ရောက်မှုများ ဖြစ်ထွန်းစေရေးအတွက် ရည်ရွယ်ကြောင်းလည်း ရှီကျင့်ဖျင်က ထိုထက်အသေးစိတ် မထုတ်ပြန်ဘဲ ပြောဆိုသည်။

ပေကျင်းက ပြည်သူ့မဟာခန်းမဆောင်တွင် ကျင်းပသော တရုတ်-အာရပ်နိုင်ငံများ ဖိုရမ်တွင် ပါဝင်တက်ရောက်လာကြသူများအား ရှီကျင့်ဖျင်က “ယခုကဲ့သို့ ချေးငွေ ထုတ်ပေးခြင်းသည် စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် စက်မှုလုပ်ငန်းများ ပြန်လည်အသက်ဝင်ရေး တရုတ်၏ အထူးစီမံကိန်း အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါကြောင်း”လည်း ပြောကြားသည်။

ယင်းအပြင်လည်း အာရပ်ဒေသတွင် နိုင်ငံများ တည်ငြိမ်ရေး ထိန်းသိမ်းမှု စွမ်းရည် တည်ဆောင်နိုင်ရေး နောက်ထပ် ယွမ် တစ်ဘီလီယံ ထုတ်ချေးရန် ပြင်ဆင်နေသည်ဟုလည်း ၎င်းက ပြောသည်။

သမ္မတ ရှီကျင့်ဖျင်၏ အဓိက ကြိုးပမ်းဖော်ဆောင်နေရာဖြစ်သော ရှေးဟောင်း ပိုးလမ်းမ ကုန်သွယ်လမ်းကြောင်းကြီးကို ခေတ်သစ်ဖွဲ့ တည်ထောင်မှုအဖြစ် ခါးပတ်နှင့် လမ်းမကြီး လုပ်ငန်းစဉ်သည် အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပတို့ကြား ကုန်သွယ်ရေး ကွန်ယက်ဖွဲ့နိုင်ရေးပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required