လိုဏ်ဂူထဲ ပိတ်မိနေသော ကလေး ၁၂ ဦးနှင့် နည်းပြဖြစ်သူတို့အား သုံးရက်မြောက်နှင့် အပြီး ကယ်ထုတ်နိုင်ပြီ

လိုဏ်ဂူထဲ ပိတ်မိနေသော ကလေး ၁၂ ဦးနှင့် နည်းပြဖြစ်သူတို့အား သုံးရက်မြောက်နှင့် အပြီး ကယ်ထုတ်နိုင်ပြီ

ဘန်ကောက်၊ ဇူလိုင် ၁၀ ။            ။ ထိုင်းနို်င်ငံ မယ်ဆိုင်က လိုဏ်ဂူထဲ ပိတ်မိနေခဲ့ကြသော ဘောလုံးအသင်း ကလေး ၁၂ ဦးနှင့် နည်းပြဖြစ်သူတို့ကို ဇူလိုင် ၁၀ ရက် ညနေပိုင်းတွင် အားလုံး ကယ်ထုတ်နိုင်ပြီဖြစ်ကြောင်း ထိုင်းနေဗီဆီးလ်က ဖေ့ဘုတ်တွင် ပို့စ်တင်ခဲ့သည်။

ဇွန် ၂၃ ရက်မှစကာ ကလေးများနှင့် နည်းပြဖြစ်သူတို့သည် မိုးသည်းထန်၍ ရေလျှံမှုကြောင့် ထွမ်လွန်လိုဏ်ဂူအတွင်း ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အား ပြီးခဲ့သည့် သီတင်းပတ်ကမှ ရေငုပ်သမားများ ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၈ ရက်တွင် စတင်ကယ်ဆယ်ရေး လုပ်ခဲ့ကာ ကလေး လေးဦးကို ဦးစွာ ကယ်ထုတ်နိုင်သည်။

ဇူလိုင် ၉ ရက်တွင်လည်း ဒုတိယမြောက်ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွင် ကလေး လေးဦး ထပ်မံကယ်ထုတ်နိုင်ပြီး ယနေ့ ဇူလိုင် ၁၀ ရက် တတိယမြောက် ကယ်ဆယ်ရေးတွင်မူ ကျန် ကလေး လေးဦးနှင့် နည်းပြတို့ကိုပါ ကယ်ထုတ်နိုင်ခြင်းဖြစ်သည်။

“တောဝက်အသင်း ၁၂ ဦးနဲ့ နည်းပြတို့ကို လိုဏ်ဂူထဲက ကယ်ထုတ်လိုက်နိုင်ပြီ။”ဟု နေဗီဆီးလ်၏ ဖေ့ဘုတ်ပေ့ချ်တွင် ဖော်ပြထားသည်။

အားလုံး ဘေးကင်းပါကြောင်းလည်း ယင်းပို့စ်တွင် ဖော်ပြထားပြီး ကလေးများ ကယ်ထုတ်သည့် မစ်ရှင်တစ်လျှောက် ဆီးလ်အဖွဲ့၏ အမှတ်အသားပြုခဲ့သော Hooyah ဆိုကာလည်း လက်မှတ်ရေးထိုးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required