၁၁ ယောက်မြောက် ထိုင်းကလေးကိုလည်း ဂူထဲကနေ ထပ်မံ ကယ်ထုတ်နိုင်

၁၁ ယောက်မြောက် ထိုင်းကလေးကိုလည်း ဂူထဲကနေ ထပ်မံ ကယ်ထုတ်နိုင်

ဇူလိုင် ၁၀။        ။ ထိုင်းလှိုဏ်ဂူထဲ ပိတ်မိကလေးငယ်တွေကို တတိယမြောက်နေ့အဖြစ် ဆက်လက်ကယ်ထုတ်နေရာမှာတော့ ယခုအခါ ၁၁ ယောက်မြောက် နောက်ထပ် ကလေးငယ်တစ်ယောက်ကို ဂူပြင် ထပ်ကယ်ထုတ်လာနိုင်ခဲ့ပြီဖြစ်ကြောင်း ရေတပ် တာဝန်ရှိသူတစ်ဦးနဲ့ ဒေသအာဏာပိုင်တစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။

ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ ထိုင်းကလေးငယ် ၁၂ ယောက်နဲ့ ဘောလုံးအသင်း နည်းပြတို့ကို ခက်ခက်ခဲခဲ ကယ်ထုတ်နေရတဲ့ ကြိုးပမ်းမှုကတော့ ယခုအခါ အပြည့်အဝ အောင်မြင်စွာ ပြီးစီးဖို့ နီးစပ်လာနေပြီဖြစ်ပါတယ်။

" ၁၁ မြောက် တစ်ယောက်လည်း ထွက်လာပါပြီ" ဆိုပြီး ထိုင်း ရေတပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ၎င်းကိုလည်း ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ယခုဆိုရင်တော့  ဂူထဲမှာ ၁၈ ရက်ကြာ ပိတ်မိနေခဲ့တဲ့ ထိုင်းလူငယ်ဘောလုံးအသင်းသားတွေထဲကနေ ၁၁ ဦးအထိ ဂူပြင် ကယ်ထုတ်လာနိုင်ခဲ့တာကြောင့် အားလုံးကို အောင်မြင်စွာ ကယ်ထုတ်နိုင်မယ့် မျှော်လင့်ချက်တွေ မြင့်တက်ခဲ့ပြီဖြစ်ပါတယ်။

လက်ရှိအချိန်ထိတော့ ဂူထဲကနေ နောက်ထပ် နှစ်ဦးကိုသာ ဆက်လက်ကယ်ထုတ်ဖို့ ကျန်နေတော့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags