ရန်ကုန်၊ ဇူလိုင် ၁၀ ။ ။ လွတ်လပ် ငြိမ်းချမ်း ပန်းရဲ့လမ်း ဂီတ အဖွဲ့မှ အဆိုတော် ဦးရဲလွင်(မဇ္စျိမလှိုင်း) သည် ဇူလိုင် ၁၀ ရက် ညနေ ၄နာရီ ၁၀ မိနစ်တွင် ကွယ်လွန်သွားကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းမှ ကိုခင်ကျော်ကပြောသည်။
“ နှလုံးရောဂါနဲ့ပဲလို့သိရတယ်။ လွန်ခဲ့တဲ့နာရီပိုင်းကပဲ။ စောင့်ကြည့်ခန်းကိုရွှေ့တာ ၄ နာရီ ၁၀ မိနစ်လောက်မှာဆုံးသွားတယ်” ဟု ကိုခင်ကျော်ကဆိုသည်။
ဦးရဲလွင်(မဇ္စျိမလှိုင်း) သည်လွန်ခဲ့သည့် လပိုင်းခန့်မှစတင်ကာ ရန်ကုန်မြို့ စိန်ဂျွန်းရှိ ကုတင် ၅၀၀ ဆေးရုံ အသည်းကုသဆောင်တွင် ဆေးကုသမှုခံ ယူခဲ့ပြီး ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
အဆိုတော် ဦးရဲလွင်(မဇ္စျိမလှိုင်း) သည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် ဇွန်လ ၂၇ ရက်တွင်လည်း အတက် ရောဂါဖြင့် Green Cross ဆေးရုံ သို့ တင်ပြီးနောက် ဆေးစစ်ကြည့်ရာ၌ နှလုံး သွေးကြောကျဉ်း ရောဂါပါ တွေ့ရှိသည့် အတွက် ဆေးကုသမှုခံယူခဲ့ရသေးသည်။
ပန်းရဲ့လမ်းအဖွဲ့သည် မြို့ကြီးများသို့ လှည့်လည်ကာ၊ တေးသီချင်းများ ဖျော်ဖြေခြင်းဖြင့် ရံပုံငွေရှာဖွေ ပြီး ငြိမ်းချမ်းရေး နှင့် ပညာရေးတို့ အတွက် ကူညီနေသည့် အဖွဲ့အစည်း ဖြစ်ကာ ဦးရဲလွင်(မဇ္ဈိမလှိုင်း)မှ ဦးဆောင်၍ ၂၀၁၂ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။