၉ ယောက်မြောက် ထိုင်းကလေးကို ဂူထဲကနေ ကယ်ထုတ်နိုင်ပြီဟု ဆို

၉ ယောက်မြောက် ထိုင်းကလေးကို ဂူထဲကနေ ကယ်ထုတ်နိုင်ပြီဟု ဆို

ဇူလိုင် ၁၀ ။           ။ ထိုင်း ကယ်ဆယ်ရေးသမားတွေဟာ ယနေ့ ဇူလိုင် ၁၀ ရက် နေ့လည်ခင်းမှာပဲ သမ်လောင်လှိုဏ်ဂူထဲကနေ ကိုးဦးမြောက် ကလေးငယ်ကို ကယ်ထုတ်လာခဲ့ပြီ ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့နဲ့ ရေတပ် သတင်းရင်းမြစ်တွေက အေအက်ဖ်ပီကို ပြောပါတယ်။

" ကိုးယောက်မြောက် ကောင်လေး အပြင်ရောက်လာပါပြီ" လို့ အမည်ဖော်ပြသွားခြင်းမရှိတဲ့ ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ကိုးယောက်မြောက် ကလေးငယ်ကို ကယ်ထုတ်လာခဲ့ပြီး  ဂူပေါက်ဝကနေတဆင့် ဆေးရုံကို ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း ထိုင်းရေတပ် တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required