ဟောင်ကောင်ဟိုတယ်ပေါ်အရောက်တက်ခဲ့တဲ့ ပြင်သစ်ပင့်ကူလူသား

ဟောင်ကောင်ဟိုတယ်ပေါ်အရောက်တက်ခဲ့တဲ့ ပြင်သစ်ပင့်ကူလူသား

ဇူလိုင် ၁၀ ။            ။ Dwayne 'the Rock' Johnson ပါ၀င်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားသစ် မိတ်ဆက်ပွဲအတွက် ပြင်သစ်အံ့ဖွယ်လူသား Alain Robert က ဟောင်ကောင်မြို့ရဲ့ ၁၆၅ မီတာမြှင့်မားတဲ့ Four Seasons ဟိုတယ်ပေါ်တက်ခဲ့တာဖြစ်ပါတယ်။

၅၅ နှစ်အရွယ် Robert ဟာ တောင်တက်ရှူးဖိနပ်နဲ့ မြေဖြူခဲတွေကလွဲပြီး တခြားဘာအကူကိရိယာမှမပါဘဲ အဆောက်အဦတွေပေါ် တက်နိုင်တဲ့ အံ့ဖွယ်လူသားတစ်ဦးဖြစ်ပါတယ်။ ၄င်းဟာ Dubai မှာရှိတဲ့ Burj Khalifa တာဝါ၊ Eiffel မျှော်စင်၊ Sydney ပြဇာတ်ရုံ၊ Kuala Lumpur က Petronas Twin တာဝါနဲ့ Galaxy Macau တာဝါတွေပေါ် အရောက်တက်နိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required