မဟုတ်မမှန်သတင်းများဖယ်ရှားရန် ဒေါ်လာ၂၅သန်းသုံးမည့် YouTube

မဟုတ်မမှန်သတင်းများဖယ်ရှားရန် ဒေါ်လာ၂၅သန်းသုံးမည့် YouTube

ဇူလိုင် ၁၀ ။              ။ မဟုတ်မမှန်သတင်းတွေဖယ်ရှားပြီး မှန်ကန်တဲ့သတင်းတွေကို ကာကွယ်ဖို့အတွက် ဒေါ်လာ ၂၅သန်းသုံးသွားမယ်လို့ YouTube က တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။  ဒီအကြောင်းကို သူ့ရဲ့ ပင်မစာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီရင်းနှီးမြုပ်နှံမှုဟာ Google သတင်းဌာနရဲ့ကဏ္ဍခွဲတစ်ခုဖြစ်ပြီး သတင်းလောကမှာ မဟုတ်မမှန်သတင်းတွေ ပပျောက်အောင်ဆောင်ရွက်ဖို့ မတ်လမှာတုန်းက စတင်မိတ်ဆက်ခဲ့တာဖြစ်တယ်လို့ Google ကုမ္ပဏီပိုင် YouTube ကပြောပါတယ်။

နောင်လာမယ့်ရက်သတ္တပတ်မှာတော့ YouTube မှာ သတင်းရှာလိုက်တာနဲ့ သတင်းကောက်နှုတ်ချက်နဲ့ တခြားမီဒီယာတွေရဲ့ Link ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

လကမ္ဘာ၊ အာကာသလို ဖြစ်ရပ်ဆန်းတွေကို အသေးစိတ်လေ့လာနိုင်ဖို့ Wikipedia နဲ့ Encyclopedia Britannica Link တွေကိုပါထည့်သွင်းပေးထားမယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required