အားပြင်းတိုင်ဖွန်းမာရီယာ ထိုင်ဝမ်သို့ ဦးတည်ဝင်ရောက်

အားပြင်းတိုင်ဖွန်းမာရီယာ ထိုင်ဝမ်သို့ ဦးတည်ဝင်ရောက်

ဇူလိုင် ၁၀ ။            ။ တိုင်ဖုန်းမာရီယာတိုက်ခတ်၍ ရာသီဥတုဆိုးရွားလွန်းသဖြင့် ထိုင်ဝမ်မြို့ရဲ့ ပြည်တွင်းပြည်ပလေယာဉ်ခရီးစဉ်များ ရပ်ဆိုင်းထားရပြီး ရုံးတွေ၊ ကျောင်းတွေပါ အင်္ဂါနေ့မှာပိတ်ထားတယ်လို့သိရပါတယ်။

မာရီယာမုန်တိုင်းဟာ ၅၀၀ ကီလိုမီတာ (၃၁၀ မိုင်) နှုန်းနဲ့ Yilan မြို့အရှေ့ဘက်ခြမ်းကိုဦးတည်ခဲ့ပြီး ဒေသစံတော်ချိန် မနက် ၁၀နာရီခန့်မှာ တစ်နာရီ ၁၉၀ ကီလိုမီတာနှုန်း တိုက်ခတ်ခဲ့တယ်လို့ မိုးလေဝသညွှန်ကြားရေးဌာနကပြောပါတယ်။

အင်္ဂါနေ့ညနေပိုင်းကနေ လာမယ့်ဗုဒ္ဓဟူးနေ့အထိ တချို့ဒေသတွေမှာ ၅၀၀ မီလီမီတာ (၁၉.၇ လက်မ) ထိ မိုးရေကြီးလိမ့်မယ်လို့ ၄င်းကဆက်ပြောပါတယ်။

ရာသီဥတုအခြေအနေကြောင့် ရေလွှမ်းမိုးမှုများဖြစ်နိုင်တဲ့အတွက် Yilan မြို့နဲ့ တခြားမြို့ ၄မြို့မှာရှိတဲ့ ကျောင်းတွေ၊ ရုံးတွေကို အင်္ဂါနေ့ညနေပိုင်းမှာပိတ်မယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေကပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required