အမှိုက်များပြန်လည်အသုံးချရေးစံချိန်အတွက် Costa Rica ၌ ဗူးခွံများသိမ်းဆည်းရာ ၂၅ တန်ရှိပြီဖြစ်

အမှိုက်များပြန်လည်အသုံးချရေးစံချိန်အတွက် Costa Rica ၌ ဗူးခွံများသိမ်းဆည်းရာ ၂၅ တန်ရှိပြီဖြစ်

ဇူလိုင် ၁၀ ။            ။ အမှိုက်များပြန်လည်အသုံးချရေး ဂင်းနစ်စ်စံချိန်အသစ်တင်နိုင်ဖို့အတွက် Costa Rica မှာ ပလတ်စတစ်ရေသန့်ဗူး သိမ်းဆည်းတာ ၂၅ တန်ချိန်ရှိပြီလို့ သိရပါတယ်။

ရှစ်နာရီအတွင်းမှာ ပလတ်စတစ် ၂၅ တန်ကောက်ပြီး ပြန်သုံးနိုင်အောင် လုပ်ရမှာဖြစ်ပါတယ်။ ဒီ ၂၅ တန်ချိန် ပလတ်စတစ်တွေလည်း ပတ်ဝန်းကျင်ကိုမဖျက်ဆီးနိုင်တော့ဘူးပေါ့ လို့ဒေသခံတစ်ဦးကပြောပါတယ်။

ဒီနေ့မှာတော့ Costa Rica က အမှိုက်များပြန်လည်သုံးစွဲနိုင်ရေးမှာ ချန်ပီယံဖြစ်ဖို့ကြိုးစားနေတာပါ။ ကျွန်တော်တို့က ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးမှာ ဂင်းနစ်စ်စံချိန်ချိုးချင်တာဖြစ်ပါတယ်။ ဒီလိုစံချိန်ချိုးုနိုင်ရင်တော့ ကျွန်တော်တို့နိုင်ငံဟာ သဘာဝသယံဇာတကို အလေးထားတဲ့နိုင်ငံတစ်နိုင်ငံဆိုတာ သက်သေပြလိုက်သလိုပါပဲလို့ သူကဆက်ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required