တရုတ်မှာ ကျင်းပတဲ့ ငရုတ်သီးစား ပြိုင်ပွဲ

တရုတ်မှာ ကျင်းပတဲ့ ငရုတ်သီးစား ပြိုင်ပွဲ

ဇူလိုင် ၉ ။            ။ တရုတ်နိုင်ငံမှာ နှစ်စဉ်ကျင်းပမြဲ ဖြစ်တဲ့ ငရုတ်သီး၊ ပန်းငရုတ်ပွဲတော်ကို ဇူလိုင် ၉ ရက်က Hunan ပြည်နယ်မှာ စတင်ဖွင့်လှစ်ကျင်းပခဲ့ပါတယ်။

ယင်း ပွဲတော်မှာတော့ ငရုတ်သီး စားပြိုင်ပွဲတစ်ရပ်ကိုလည်း ထည့်သွင်းကျင်းပခဲ့ပါတယ်။

ယင်း ငရုတ်သီးစားပြိုင်ပွဲမှာတော့ ငရုတ်ပွသီး အတောင့် ၅၀ ကို အချိန် အမြန်ဆုံး ၀ါးပြီး မျိုချနိုင်သူက အနိုင်ရရှိမှာဖြစ်ပါတယ်။

ပြိုင်ပွဲမှာတော့ Tang Shuaihui ဆိုသူ အမျိုးသားက အနိုင်ရရှိပြီး ရွှေတံဆိပ်ပြားကို ရရှိသွားခဲ့ပါတယ်။

၎င်းကတော့ ငရုတ် အတောင့် ၅၀ ကို ၆၈ စက္ကန့်တည်းနဲ့ အပြီး စားပြသွားခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required