ကွန်ဒို၊ တိုက်ခန်း နည်းဥပဒေများထွက်လာလျှင် အရောင်းအဝယ် ပြန်ကောင်းမွန်လာနိုင်ဖွယ်ရှိ

ကွန်ဒို၊ တိုက်ခန်း နည်းဥပဒေများထွက်လာလျှင် အရောင်းအဝယ် ပြန်ကောင်းမွန်လာနိုင်ဖွယ်ရှိ
ရန်ကုန်မြို့ အဆောက်အဦးဆောက်လုပ်နေသည့် လုပ်ငန်းခွင်အားတွေ့ရစဉ်။ ဓာတ်ပုံ - မဇ္ဈိမ

ဇူလိုင် ၉။       ။ရန်ကုန်မြို့ရှိ ကွန်ဒိုနှင့်တိုက်ခန်းများ၏ အရောင်းအဝယ်စျေးကွက်မှာ ငြိမ်သက်နေသော် လည်း ကွန်ဒိုနှင့်ပတ်သက်သည်နည်းဥပဒေ ထွက်ရှိလာလျှင် အရောင်းအဝယ်ပြန်လည် ကောင်းမွန် လာနိုင်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးကျော် ကျော်စိုး ကပြောသည်။

“လောလောဆယ်အရောင်းအဝယ်အနေအထားကတော့ မရှိသလောက်နီးနီးအေးတယ်။ တိုက်ခန်း ကော၊ ကွန်ဒိုကောနှစ်မျိုးစလုံးပါ။ ကွန်ဒို Law ကထွက်တော့ထွက်ပြီ။ ကွန်ဒို Law မှာနည်းဥပဒေက မထွက်သေးဘူး။ နည်းဥပဒေထွက်ပြီး နိုင်ငံခြားသားလည်းဝယ်ခွင့်ရှိမယ်ဆိုရင်တော့ ကွန်ဒိုဘက်ကို စိတ်ဝင်စားမှုပိုများလာမယ်” ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် ကွန်ဒိုနှင့် ပတ်သက်၍ ဥပဒေထွက်ရှိပြီးသော်လည်း နည်းဥပဒေထွက်ပေါ်လာရန် လိုအပ်နေသေးသည်။ထို့ပြင် တိုက်ခန်းများရောင်းဝယ်မှုအတွက် Apartment Law ထွက်လာလျှင် ယခုထက်ပို၍ အရောင်းအဝယ်ကောင်းမွန်လာနိုင်ကြောင်း သိရသည်။

“ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး Higher Perches ၁၀နှစ်၊ ၁၅နှစ်တို့နဲ့ ရောင်းလည်း သိပ်မဝယ်ကြဘူး။ ၀ယ်လိုအားနည်းနေတယ်” ဦးကျော်ကျော်စိုးကပြောသည်။

လက်ရှိတွင် ပစ္စည်းအစုံအလင်ပါ၀င်သော ကွန်ဒိုများသည် တစ်စတုရန်းပေလျှင် ကျပ် ၂သိန်း ၅သောင်း ၀န်းကျင်စျေးပေါက်နေပြီး Semi ကွန်ဒိုများသည် တစ်စတုရန်းပေလျှင် ကျပ် ၁သိန်း ၂သောင်း ၀န်းကျင် စျေးပေါက်နေကြောင်း သိရသည်။

ဆောက်လုပ်ရေးနှင့် ပတ်သက်ပြီး ကွန်ဒို၊ တိုက်ခန်းများ၏ အရောင်းအဝယ်များ  ပြန်လည် ကောင်းမွန်လာစေရန်အတွက် အခွန်စနစ် လျော့ချပေးရန်လည်း လိုအပ်ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly