မန္တလေးတက္ကသိုလ် အတွင်း ခိုးမှု၊လုယက်မှုများကြောင့် ကျောင်းသားတချို့ ဆန္ဒပြ

မန္တလေးတက္ကသိုလ် အတွင်း ခိုးမှု၊လုယက်မှုများကြောင့် ကျောင်းသားတချို့ ဆန္ဒပြ

ဇူလိုင် ၉ ။              ။ မန္တလေးတက္ကသိုလ်ကျောင်းဝင်းအတွင်း လုယက်မှုများနှင့်ပစ္စည်းခိုးမှုများ မကြာခဏဖြစ်ပွားနေခြင်း ကြောင့် ကျောင်းအာဏာပိုင်များအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် ဇူလိုင်လ ၉ ရက်၊နံနက်ပိုင်းက ၎င်းကျောင်းဝင်း၌ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားတချို့က ဆန္ဒပြ တောင်းဆိုခဲ့သည်။

မန္တလေးတက္ကသိုလ်ကျောင်းဝင်းအတွင်း ဇွန်လကုန်မှဇူလိုင်လ ပထမပတ်အတွင်းမှာပင် ဆိုင်ကယ် ခိုးယူခံရမှုနှင့်လုယက်မှု ၄ ကြိမ်ဖြစ်ခဲ့ပြီး ပြီးခဲ့သည့် လပိုင်းများ၌လည်း ဆိုင်ကယ်ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပွားထားသည်ဟု သိရသည်။

ထိုသို့ ခိုးယူမှု၊လုယက်မှုများ မကြာခဏဖြစ်ပွားနေခြင်းကြောင့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် လုံခြံုရေးကို စိုးရိမ်လျှက်ရှိကြောင်းလည်းသိရသည်။

လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို ကျောင်းအာဏာပိုင်များနှင့် အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ဖြေရှင်းပေးနိုင်မှု မရှိခဲ့ကြောင်း ကျောင်းသား၊ကျောင်းသူ တစ်ချို့ကဆိုသည်။

"ကျောင်းလုံခြံုရေးနဲ့ ပတ်သက်ပြီး ကျောင်းက တာဝန်ရှိသူတွေနဲ့ အကြိမ်ကြိမ်ညှိနှိုင်းခဲ့တယ်။ဒါပေမဲ့ ဘာမှ ဖြေရှင်းမပေးတဲ့အတွက် အခုလို သပိတ်မှောက် ဆန္ဒပြရတာပြရတာဖြစ်တယ်”ဟု မန္တ​လေး တက္ကသိုလ်​​ကျောင်​းသားများသမဂ္ဂမှ ဥက္ကဋ္ဌ ကိုကျော်ဝင်းစိန်ကပြောသည်။

လတ်တလောတွင် ဆန္ဒပြတောင်းဆိုနေသည့်ကျောင်းသားတစ်ချို့နှင့် ကျောင်းအာဏာပိုင်တို့ ညှိုနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မရှိသေးပေ။

မန္တလေးတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ သီတာဝင်းက"အဆင်ပြေအောင်ဆောင်ရွက်ပေးသွားမယ်"ဟု ဆန္ဒပြကျောင်းသားများနှင့်တွေ့ဆုံ ညှိနှိုင်းမှုအပြီးတွင် မဇ္ဈိမကိုပြောသည်။

ဆန္ဒပြတောင်းဆိုသည့် ကျောင်းသားများအနေဖြင့် ကျောင်းအာဏာပိုင်းများထံမှ တိကျသည့် အဖြေရရှိသည်အထိ ဆန္ဒပြတောင်းဆိုသွားကြမည်ဟုလည်းသိရသည်။

ပါမောက္ခ ဒေါက်တာ သီတာဝင်းက"အဆင်ပြေအောင်ဆောင်ရွက်ပေးသွားမယ်။"ဟု ဆန္ဒပြကျောင်သားများနှင့်တွေ့ဆုံ ညှိုင်းမှုအပြီး၌ မဇ္ဈိမကိုပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required