ရိုက်​တာသတင်​း​ထောက်​နှစ်​ဦးအား ​ထောင်​ဒဏ်​ ၁၄ နှစ်​ထိချမှတ်​နိုင်​သည်​့ ပုဒ်​မဖြင်​့စွဲချက်​တင်​

ရိုက်​တာသတင်​း​ထောက်​နှစ်​ဦးအား ​ထောင်​ဒဏ်​ ၁၄ နှစ်​ထိချမှတ်​နိုင်​သည်​့ ပုဒ်​မဖြင်​့စွဲချက်​တင်​
Photo-EPA

ရန်​ကုန်​၊ ဇူလိုင်​ ၉ ။            ။ ရခိုင်​ပြည်​နယ်​၊ ​မောင်​​တောခရိုင်​၊ အင်​းဒင်​​ကျေးရွာမှ လူသတ်​မှုကို ​ဖော်​ထုတ်​ခဲ့​သော ရိုက်​တာသတင်​း​ထောက်​ ကိုဝလုံးနှင်​့ ကို​ကျော်​စိုးဦးတို့ကို အမြင့်ဆုံးပြစ်​ဒဏ်​ ​ထောင်​ဒဏ်​ ၁၄နှစ်​ထိချမှတ်​နိုင်​​သော  မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ဖြင်​့ စွဲချက်​တင်​လိုက်​သည်​။

ရိုက်​တာသတင်​း​ထောက်​ ၂ ဦးကို ယ​နေ့ ဇူလိုင်​လ ၉ ရက်​​နေ့၊ ရန်​ကုန်​​မြောက်​ပိုင်​းခရိုင်​တရားရုံးတွင်​ ၂၉ ကြိမ်​​မြောက်​ရုံးထုတ်​ခဲ့ပြီး ခရိုင်​တရားသူကြီးက  မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁)(ဂ)ဖြင်​့ သတင်​း​ထောက်​ ၂ ဦးကိုစွဲချက်​တင်​​ကြောင်​း အမိန်​့ချမှတ်​ခဲ့ခြင်​းဖြစ်​သည်​။

မြန်မာနိုင်ငံအခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုလုံးဝနှင့်  ကိုကျော်စိုးဦးတို့မှာ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လအတွင်းက ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊  အင်းဒင်ကျေးရွာတွင် လုံခြံုရေးတပ် ဖွဲ့ဝင်များက အမျိုးသား ၁ဝ ဦးကို ဥပဒေမဲ့သတ်ပစ်ခဲ့သည်ဆို​သော သတင်းအား စုံစမ်းရင်း ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်၊ ညပိုင်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးပြီးနောက်သတင်းထောက်နှစ်ဦးကို မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းတွင် (ပ)၁၂၉၈/ ၂ဝ၁၇၊ ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁)(ဂ) ဖြင့် အမှုဖွင့်တရားစွဲခဲ့ပြီး ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ​​​ရာဇသတ်ကြီးအမှုအမှတ်- ၄/ ၂ဝ၁၈ ဖြင့် အမှုစွဲတင်စစ်ဆေးနေခြင်းဖြစ်သည်။

ထိုသို့ ခရိုင်​တရားရုံးတင်​ စစ်​​ဆေးခဲ့ရာတွင်​​ ရဲသက်​​သေအပါအဝင်​ တရားလိုပြသက်​​သေလိုပြသက်​​သေ ၂၂ ဦးထိ စစ်​​ဆေးပြီး​နောက်​ ရိုက်​တာသတင်​​း​ထောက်​နှစ်​ဦးကို ယခုကဲ့သို့ လျှို့ဝှက်​ချက်​ အက်​ဥပ​ဒေပုဒမဖြင်​့ စွဲချက်​တင်​​ကြောင်​းအမိန်​့ချလိုက်​ခြင်​းဖြစ်​သည်​။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁)(ဂ)မှာ ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၄ နှစ်ထိပြစ်ဒဏ်ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

အဆိုပါ အမှုကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ​ဂျပန်နိုင်ငံ၊ တိုကျိုအခြေစိုက် NHK သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ရိုက်တာသတင်းထောက်နှစ်ဦးမှာ ရခိုင်ပြည်နယ် အရေးကိစ္စများအား ဖော်ထုတ်ခဲ့သဖြင့် ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ နိုင်ငံတော်၏ လျှို့ဝှက်ချက်ကို ချိုးဖောက်ခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဖြေဆိုထားသည်ကို  NHK သတင်းဌာန၏ ပြီးခဲ့သည့်​​​ဇွန်လ ၈ ရက်နေ့ သတင်းတွင် ဖော်ပြပါရှိသည်။

အဆိုပါအမှုနှင်​့ပတ်​သက်​ပြီး စစ်​​ဆေးပြီးစီးခဲ့သည်​့ တရားလိုုပြ ၂၂ ဦးတွင်​ပါဝင်​​သော ဒုရဲမှူး​ဟောင်​း မိုးရန်နိုင်က ရိုက်​တာသတင်​း​ထောက်​နှစ်​ဦးကို ​ထောင်​​ချောက်​ဆင်​ဖမ်​းဆီးခဲ့ခြင်​းဖြစ်​​ကြောင်​း၊ ထိုသို့ ဖမ်​းဆီးရန်​အတွက်​ ရဲမှူးချုပ်တင်ကိုကိုက ဦးစီးကွပ်ကဲခဲ့တာဖြစ်ကြောင်း ပြီးခဲ့သည်​့ ဧပြီလ ၂ဝ ရက်​​နေ့က တရားလိုပြသက်​​သေအဖြစ်​ ထွက်​ဆိုမှုများရှိခဲ့သည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required