ဘင်္ဂလားပင်လယ်အော်လေဖိအားနည်းရပ်ဝန်းကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် နေရာကွက်၍ မိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော်လေဖိအားနည်းရပ်ဝန်းကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် နေရာကွက်၍ မိုးကြီးနိုင်

 

ရန်ကုန်၊ ဇူလိုင် ရ ။                  ။ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေသောကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်လိုက်သည်။

ဇူလိုင်လ ရ ရက်မြန်မာစံတော်ချိန် ညနေ ၃ နာရီအချိန် တိုင်းထွာရရှိချက်အရ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး  ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ နေပြည်တော်တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ချင်းပြည်နယ်တို့တွင် နေရာ စိပ်စိပ်မိုးရွာသွန်းမည်ဖြစ်ကြောင်းလည်း မိုး/ဇလကထုတ် ပြန်သည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းကြောင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည့်အပြင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အသင့်မှ အားကောင်းနေကြောင်း သိရသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအမြင့် (၇)ပေမှ (၁၀)ပေခန့်ထိရှိနိုင်ကာ လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ ရှိနိုင်ကြောင်းသိရသည်။

နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့အနီးတစ်ဝိုက်တွင်လည်း မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required