လုပ်ငန်းခွင်နှင့်သက်ဆိုင်သောသင်တန်းကျောင်း (Vocational School) များဖွင့်လှစ်ရန် ရန်ကုန်တိုင်းအစိုးရ စီစဉ်နေ

လုပ်ငန်းခွင်နှင့်သက်ဆိုင်သောသင်တန်းကျောင်း (Vocational School) များဖွင့်လှစ်ရန် ရန်ကုန်တိုင်းအစိုးရ စီစဉ်နေ

 

ဇူလိုင် ရ။           ။ ရန်ကုန်မြို့ နတ်မောက်လမ်းအနီးဝန်းကျင်းတွင် လုပ်ငန်းခွင်နှင့် သက်ဆိုင်သောသင်တန်း ကျောင်း (Vocational School) များ ဖွင့်လှစ်နိုင်ရန်စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

“ရန်ကုန် နတ်မောက်လမ်းမှာ စင်ကာပူနဲ့ဖွင့်ထားတဲ့ Vocational ကျောင်းတစ်ခုရှိပါတယ်။ ဒီအနီးဝန်း ကျင်မှာ Vocational ကျောင်းတွေစုစည်းဖို့ ကျွန်တော်တို့ ပြင်ဆင်နေပါတယ်။ ဒီနားမှာ Vocational ကျောင်းတစ်ခုဖွင့်လှစ်ဖို့လည်း ပြင်ဆင်နေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပေါင်းစပ်ပြီး ကျန်မာရေး Vocational ကျောင်းတစ်ခုကို ဖွင့်ဖို့ပြင်ဆင်နေပါတယ်။ ငါးပြတိုက်အနီးမှာလည်း ငါးနဲ့ပတ်သက်တဲ့ Vocational ကျောင်းတစ်ခုလုပ်နိုင်ဖို့နဲ့ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ Vocational ကျောင်းတစ်ခုလုပ်နိုင် ဖို့ ဒီနေရာလေးဟာ ကျောင်းသားတွေလာနိုင်တဲ့ ရပ်ဝန်းလေးတစ်ခုဖြစ်လာနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်လာနိုင်ဖို့ ကြိုးစားနေပါတယ်” ဟု ဦးဖြိုးမင်းသိန်းကပြောသည်။

ပုဂ္ဂလိက SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် Vocational ကဏ္ဍသည် အရေးကြီးပြီး လက်ရှိပညာရေး နယ်ပယ်သည် စီးပွားရေးနယ်ပယ်နှင့် အနည်းငယ်ကင်းကွာနေသောကြောင့် အလုပ်အကိုင်အခွင့် အလမ်းနှင့် ပညာရေးကို ဆက်စပ်ပြီးစဉ်းစားရမည့်အခြေအနေဖြစ်ကြောင်း  ဦးဖြိုးမင်းသိန်း ကဆက် ပြောသည်။

 “အင်းစိန် GTI အောက်မှာရှိတဲ့ စက်မှုလက်မှုကျောင်းတွေကိုလည်း ပြင်ဆင်နေပါတယ်။ လုပ်ငန်း ခွင်မှာရှိတဲ့လုပ်ငန်းရှင် တော်တော်များဟာ ကိုယ့်လုပ်ငန်းခွင်ထဲမှာပဲ Vocational ပုံစံမျိုးနဲ့ သင်ကြား ပေးနေရတဲ့ ကုမ္ပဏီကြီးတွေ များစွာရှိပါတယ်။ သင်တန်းကျောင်းတွေဖွင့်ပြီး ကိုယ့်ဟာကိုယ်ပဲ သင်တန်းပေးပြီး သင်တန်းဆရာခေါ်ပြီး ကိုယ့်အလုပ်သမားကိုယ် ထရိန်းပေးနေရတဲ့ အခြေအနေ မျိုးတွေကို အစိုးရဘက်က ပညာရေးနဲ့ ချိတ်ဆက်ပြီး Vocational ပုံစံဆောင်ရွက်ဖို့ ကြိုးပမ်း ဆောင်ရွက်ဖို့ ရှိပါတယ်” ဟု ဦးဖြိုးမင်းသိန်း ကပြောသည်။

မြန်မာနိုင်ငံ၏ တက္ကသိုလ်ဝင်တန်းအောင်မြင်မှုသည် ၃၀ရာခိုင်နှုန်းခန့်သာရှိပြီး ရ၀ရာခိုင်နှုန်းခန့်သည် လုပ်ငန်းခွင်နှင့် သက်ဆိုင်သောသင်တန်းကျောင်း (Vocational School) များကို သွားရောက်သင် ကြားရန်လိုအပ်မည်ဖြစ်သောကြောင့်  အဆင့်မြင့်ပညာနှင့်  Vocational ပညာကို သင်ကြားနိုင်မည့် အခြေအနေတစ်ခုကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly