တောင်အမေရိကအသင်းတွေ အားလုံးထွက်သွားရပြီဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ

တောင်အမေရိကအသင်းတွေ အားလုံးထွက်သွားရပြီဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ

ဇူလိုင် ရ၊ ရုရှ။                 ။ သောကြာညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေအပြီးမှာတော့ တောင်အမေရိက ကိုယ်စားပြု အသင်းတွေအားလုံး ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီဖြစ်ပါတယ်။

တောင်အမေရိကအသင်းတစ်သင်းဖြစ်တဲ့ ဥရုဂွေးအသင်းက ပြင်သစ်ကို နှစ်ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ဘရာဇီးကတော့ ဘယ်လ်ဂျီယံကို နှစ်ဂိုး၊ တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။

အခုဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရောပတိုက်ကို ကိုယ်စားပြုတဲ့ အသင်းတွေပဲ ကျန်ရှိနေပါတော့တယ်။ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းကြီးတွေ တစ်သင်းပြီးတစ်သင်း ထွက်ခဲ့ရပြီဖြစ်ပြီး ဘရာဇီးအသင်းရဲ့ ခြောက်ကြိမ်မြောက် ကမ္ဘာ့ဖလား အိပ်မက်လည်း ပျက်ပြယ်ခဲ့ပြီဖြစ်ပါတယ်။

ဥရုဂွေးကိုအနိုင်ရခဲ့တဲ့ ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားကို ၁၉၉၈ ခုနှစ်မှာ နောက်ဆုံးရရှိထားပြီး ဆီမီးဖိုင်နယ်အဆင့်ကိုတော့ ခြောက်ကြိမ်မြောက်အဖြစ် တက်ရောက်နိုင်ခဲ့တာပါ။

ဘရာဇီးအသင်းကိုအနိုင်ရခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းကတော့ ကမ္ဘာ့ဖလားတစ်ကြိမ်မှ ဗိုလ်စွဲဖူးခြင်းမရှိဘဲ ဆီမီးဖိုင်နယ်အဆင့်ကို လည်း ဒုတိယအကြိမ်အဖြစ် တက်ရောက်နိုင်ခဲ့တာပါ။

ပြင်သစ်နဲ့ ဘယ်လ်ဂျီယံအသင်းတို့ဟာ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်ကို ဇူလိုင် ၁၁ ရက်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly