လှိုဏ်ဂူထဲပိတ်မိနေဆဲဖြစ်တဲ့ လူငယ်တွေရဲ့နည်းပြက မိဘတွေကို တောင်းပန်

လှိုဏ်ဂူထဲပိတ်မိနေဆဲဖြစ်တဲ့ လူငယ်တွေရဲ့နည်းပြက မိဘတွေကို တောင်းပန်

 

ဇူလိုင် ရ ။                   ။ လှိုဏ်ဂူထဲမှာ နှစ်ပတ်ကြာပိတ်မိနေတဲ့ ၂၅ နှစ်အရွယ် ဘောလုံးအသင်းနည်းပြဟာ လူငယ်လေးတွေရဲ့မိဘတွေကို တောင်းပန်စကားဆိုခဲ့တယ်လို့ ထိုင်းရေတပ်က စနေနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ထိုင်းတစ်မျိုးသားလုံးဟာ လူငယ်လေးတွေအနေနဲ့ မိုးကြီးတဲ့ဒဏ်နဲ့ အောက်ဆီဂျင်ပြတ်လပ်တဲ့ဒဏ်မခံနိုင်မှာကို စိုးရိမ်နေကြပါတယ်။

သောကြာနေ့မှာ Ekkapol Chantawong က "ကလေးတွေအားလုံးနေကောင်းပါတယ်ဗျာ။ သူတို့လေးတွေကို ကျွန်တော်အတတ်နိုင်ဆုံးစောင့်ရှောက်သွားမှာပါ။ မိဘတွေကိုပြောပေးပါဦး" ဆိုပြီး ရေငုပ်သမားကို တဆင့်ပြောကြားခဲ့တယ်လို့ ထိုင်းရေတပ်ရဲ့ Thai Navy SEAL Facebook စာမျက်မှာမှာ ဖော်ပြခဲ့ပါတယ်။

"အတတ်နိုင်ဆုံးကူညီပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ မိဘတွေကိုလည်း ကျွန်တော်တောင်းပန်ပါတယ်ဗျာ။"

ကလေးတွေကလည်း သူတို့မိသားစုဆီကို စာတွေပို့လိုက်ပါသေးတယ်။

Bew လို့ခေါ်ကြတဲ့ ကောင်လေးတစ်ယောက်က သူ့အဖေနဲ့အမေကိုမစိုးရိမ်ဖို့ပြောထားပါတယ်။

သားပြန်မလာတာ ၂ ပတ်ရှိပြီ။ ဒါပေမယ့်ပြန်ရောက်တာနဲ့အဖေတို့ကိုကူလုပ်မယ် လို့ပြောပါတယ်။ သူ့မိသားစုကဆိုင်ဖွင့်ထားတာဖြစ်ပါတယ်။

Dom ကတော့ ဘာမှမဖြစ်ပါဘူး၊ နည်းနည်းတော့အေးတယ် လို့ပြောလာပါတယ်။

မတော်တဆရေကြီးလာရင် လွှတ်မြောက်နိုင်အောင် လူငယ်လေးတွေကိုရေငုပ်နည်းအခြေခံတွေ စတင်သင်ကြားပေးနေပေမယ့် ကလေးတွေကို ရေငုပ်ခိုင်းလို့မရသေးဘူးလို့ သောကြာနေ့ညနေပိုင်းမှာ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

Ekkapol ရဲ့တောင်းပန်စကားရောက်လာတာနဲ့ တပြိုင်နက် ထိုင်းလူမှုကွန်ယက်မှာ ပြန့်နှံ့သွားခဲ့တာဖြစ်ပါတယ်။

တချို့ကတော့ အမှောင်ထုထဲမှာ ၉ ရက်လောက်ဒုက္ဓရောက်နေတဲ့ လူငယ်လေးတွေကို အစာဝေမျှပေးခဲ့တဲ့သူ့ကို ချီးမွမ်းကြပါတယ်။

တချို့ကတော့ သူ့ကို မိုးရာသီအတွင်းမှာ ကလေးတွေကို လှိုဏ်ဂူထဲခေါ်သွားတဲ့အတွက် အပြစ်တင်ဝေဖန်ကြပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ကတော့ အားပြင်းတဲ့ ရေစုပ်စက်တွေနဲ့ လှိုဏ်ဂူထဲကရေတွေကို မရပ်မနား စုပ်ထုတ်နေဆဲဖြစ်ပါတယ်။ အကြီးအကဲတွေကလည်း ကလေးတွေကို အပြင်ကယ်ထုတ်နိုင်ဖို့ ကြိုးပမ်းလျက်ရှိတယ်လို့သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly