စိတ်ဖိစီးမှုကို ချက်ချင်းလျှော့ချပေးနိုင်မယ့် နည်းလမ်းဆယ်ခု

စိတ်ဖိစီးမှုကို ချက်ချင်းလျှော့ချပေးနိုင်မယ့် နည်းလမ်းဆယ်ခု

ရေးသားသူ Dr. Sein Moe Satt
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ခုခေတ်မှာ စိတ်ဖိစီးမှုဆိုတာ လူတော်တော်များများရင်ဆိုင်ကြံုတွေ့နေရတဲ့ ပြသနာပါ။ စိတ်ဖိစီးမှူဆိုတာ နည်းနည်းရှိရင် တော့ အောင်မြင်မှူဆီကိုအရောက်ပို့ပေးနိုင်တဲ့ တွန်းအားကောင်းတစ်ခုဖြစ်ပေမယ့် … များရင်တော့ သင့်စိတ်ရော ခန္ဓာ ကိုယ်ကိုပါ ဆိုးကျိူးတွေပေးနိုင်ပါတယ်။ အောက်မှာဖော်ပြမယ့် နည်းလမ်းတွေကတော့ …သင့်စိတ်ဖိစီးမှူတွေကို ချက်ချင်း ဘယ်လို တိုက်ထုတ်နိုင်မလဲ ဆိုတာပါပဲ။

(၁) ရေးချပါ

သင်လုပ်စရာရှိတဲ့ အလုပ်တွေကို မေ့သွားမှာစိုးတဲ့ စိတ်ဖိစီးမှူမဖြစ်ရအောင် သင်လုပ်ဖို့ရှိနေတဲ့အလုပ်တွေကို စာရွက်ပေါ် မှာ.. ဒါမှမဟုတ် တယ်လီဖုန်းမှတ်စုထဲမှာ ချက်ချင်းရေးချပါ။

(၂) ဦးစားပေးစာရင်းငါးခုလုပ်ပါ

သင့်ရဲ့ဦးစားပေးစာရင်းထဲမှာ သင်လုပ်ဖို့ ကိစ္စအကုန်ပါဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ထိပ်ဆုံးထားလုပ်သင့်တဲ့ ဦးစား ပေးစာရင်း ငါးခုသတ်မှတ်ထားလိုက်ပါ။

(၃) အလုပ်တွေအများကြီးကို တပြိုင်နက်တည်းလုပ်တာထက်စာရင် တစ်ဆင့်ပြီးမှတစ်ဆင့်လုပ်ပါ

သုတေသနပြုချက်တွေအရ အလုပ်တွေအများကြီးကို တပြိုင်နက်တည်းလုပ်တဲ့လူတွေမှာ… အလုပ်တစ်ခုပြီးမှ တစ်ခုလုပ်တဲ့ လူတွေနဲ့ယှဉ်ရင် မှတ်ဉာဏ်စွမ်းအားကျဆင်းလာတတ်ပြီး ဦးနှောက်ရဲ့ သိပ်သည်းမှူကိုလည်း နည်းပါသတဲ့။ ဒါကြောင့် ခုချိန် ကစလို့ သင့်ကိုယ်သင် စက်ရုပ်လိုထင်နေတာတွေကို လျှော့ချပြီး တစ်ခုပြီးမှတစ်ခုလုပ်တဲ့ အကျင့်ကိုမွေးယူပါ။

(၄) တကယ်လို့ အလုပ်တွေမပြီးရင်ရော ဘာဖြစ်သေးလဲဆိုတဲ့အတွေးကိုစမ်းတွေးကြည့်ပါ

သင်လုပ်စရာရှိတဲ့ ဒီနေ့အတွက် to do list ထဲကအလုပ်တွေကို သင်မပြီးရင်ရော ဘာဖြစ်သွားမလဲတွေးကြည့်ပါ။ ကမ္ဘာကြီး ရပ်တန့်သွားမှာတော့ မဟုတ်ဘူးမလား။ ဒါကြောင့် သင်အရမ်းစိတ်ဖိစီးတဲ့အခါ အသက်ကိုရှူသွင်းရှူထုတ်လုပ်ရင်း ဒါဟာ သင် ထင်ထားသလောက်ဆိုးမှာ မဟုတ်တဲ့အကြောင်းတွေးကြည့်ပါ။

(၅) TV ကြည့်ပြီး ခဏအနားယူပါ

သင်သိပ်စိတ်ဖိစီးနေရင် သင်ကြိုက်တဲ့ reality show ဒါမှမဟုတ် ပျော်ရွှင်စရာကောင်းတဲ့ဇာတ်လမ်း ဒါမှမဟုတ် သင်သဘော ကျတဲ့ မင်းသားမင်းသမီးပါတဲ့ TV အစီအစဉ်တစ်ခုကို မိနစ်နှစ်ဆယ်လောက်ဖြစ်ဖြစ် ကြည့်လိုက်ပါ။ ပျော်ရွှင်စေတဲ့ hormone တွေက သင့်စိတ်ဖိစီးမှူကို အနည်းနဲ့အများ လျှော့ချပေးနိုင်မှာပါ။

(၆) တရားထိုင်ပါ

တစ်နေ့ကို မိနစ်နှစ်ဆယ်လောက် တရားထိုင်တာဟာ သင့်ဦးနှောက်ကို ကျဆင်းနေတဲ့ charging တွေ ပြန်ဖြည့်ပေးနိုင်ပြီး စိတ်ဖိစီးမှူကို ပြောင်းပြန်ဖြစ်နိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါကြောင့် သင်မနက် အိပ်ရာမထမီနဲ့ အိပ်ရာဝင်ခါနီး ဆယ်မိနစ်ကိုတရား ထိုင်ဖို့အတွက် အချိန်ပေးသင့်ပါတယ်။ တကယ်တရားထိုင်တဲ့ ပုံစံမဟုတ်လည်း မျက်လုံးမှိတ်လို့ ၀င်လေထွက်လေကိုမှတ် ရုံနဲ့ သင့်စိတ်ဖိစီးမှူတွေကို မောင်းထုတ်ပေးနိုင်မှာပါ။

(၇) လတ်ဆတိတဲ့လေကိိုရှူပါ

လတ်ဆတ်တဲ့လေအလုံအလောက်ရဖို့ဟာ သင့်ခန္ဓာကိုယ်အစိတ်အပိုင်းတွေအားလုံးအတွက်တင် အရေးပါတာမဟုတ်ဘဲ စိတ်ဖိစီးမှူကိုပါ လျှော့ချပေးမှာပါ။ ပြင်ပကရတဲ့ အနံ့တွေ.. ဥပမာ ထင်းရှူးနံ့ လိုမျိူးဟာ သင့်ခန္ဓာကိုယ်နဲ့ စိတ်ကို ပြေလျော့ စေမှာပါ။

(၈) လိမ္မော်ရည်သောက်ပါ၊ လိမ္မော်သီးစားပါ

၀ါဖန့်ဖန့်လိမ္မော်သီးတွေမှာ ဗီတာမင် စီ ပမာဏ အများအပြားပါ၀င်တာကြောင့် coffee သောက်တာလိုမျိူး စိတ်ဖိစီးမူ့ကို ဖြစ်စေတဲ့ cortisol လို ဟော်မုန်းမထွက်စေပါဘူးတဲ့။ ဒါကြောင့် သင့်စိတ်ဖိစီးမှူကို ခုနစ်ဆယ်ရာခိုင်နှူန်းလောက်ကို လျှော့ချ ပေးနိုင်ပါတယ်။

(၉) သီချင်းနားထောင်ပါ

ဆယ်မိနစ်လောက်သီချင်းနားထောင်တာဟာ သင့်စိတ်ဖိစီးမှူကို တကယ်လျော့ကျစေမှာပါ။ ဒါကြောင့် ကြည့်နေတဲ့ သတင်း အစီအစဉ်တွေကို ပိတ်လိုက်ပါ။ ပြီးရင်တော့ ငြိမ့်ညောင်းတဲ့ သံစဉ်တွေကို နားထောင်လိုက်ပါ။

(၁၀) ရေများများသောက်ပါ

စိတ်ဖိစီးမှုက ရေဓာတါခမ်းခြောက်စေပြီး ရေဓာတ်ခမ်းခြောက်တာကြောင့်လည်း စိ်ဖိစီးမှူဖြစ်နိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှူ လျော့ကျချင်ရင် သင့်တစ်နေ့တာမှာ ရေကိုမကြာခဏသောက်ပေးဖို့ လိုပါလိမ့်မယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly