မြန်မာတိုင်းမ် အမှုဆောင်အရာရှိချုပ်ဟောင်း၏ မူးယစ်ဆေးဝါးအမှုမှ နှစ်​ဦးလွတ်​​မြောက်​

မြန်မာတိုင်းမ် အမှုဆောင်အရာရှိချုပ်ဟောင်း၏ မူးယစ်ဆေးဝါးအမှုမှ နှစ်​ဦးလွတ်​​မြောက်​
မြန်မာ့တိုင်းမ် ဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် စာတည်းမှူးချုပ်ဟောင်းဖြစ်သူ မစ္စတာ ရော့စ်ဒန်ကလေ။ ဓာတ်ပုံ-AFP

ရန်​ကုန်​၊ ဇူလိုင်​လ ၆ ။           ။ မူးယစ်​ပုဒ်​မဖြင်​့ ဖမ်​းဆီးထား​သော မြန်မာ့တိုင်းမ် ဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် စာတည်းမှူးချုပ်​​ဟောင်​းဖြစ်သူ မစ္စတာ ရော့စ်ဒန်ကလေ​ အပါအဝင်​ ၉ ဦးအနက်​ မြန်​မာ အမျိုးသား ၁ ဦးနှင်​့ အမျိုးသမီးတစ်​ဦး လွတ်​​မြောက်​ခဲ့သည်​။ ​

ယ​နေ့ ဇူလိုင်​လ ၆ ရက်​၊ ည​နေ ၄ နာရီခန်​့အချိန်​တွင်​ ​မစ္စတာ​ရော့စ်​ဒန်​က​လေဆိုသူအပါအဝင်​ ရ ဦး အား ရန်​ကုန်​အ​နောက်​ပိုင်​းခရိုင်​တရားရုံးတွင်​ ပထမဆုံးအကြိမ်​ ရုံးထုတ်​ခဲ့ပြီး စတင်​တရားစွဲဆိုခဲ့ခြင်​း ဖြစ်​သည်​။

ထိုသို့ တရားစွဲဆိုရာတွင်​ မစ္စတာ ရော့စ်ဒန်ကလေ​​နေထိုင်​သည်​့ ​နေအိမ်​တွင်​ အိမ်အကူအဖြစ် လုပ်ကိုင်နေသူ ဒေါ်တင်တင်ဝင်း၊ ခြံစောင့်အဖြစ် လုပ်ကိုင်နေသူ တူးတူး (ခ) စောမတ်သူးရှလ တို့မှာ ပါဝင်​ခြင်​းမရှိဘဲ ၎င်းတို့နှစ်​ဦးမှာ သက်​​သေ မခိုင်​လုံသည်​့အတွက်​ လွတ်​​မြောက်​ခဲ့ခြင်​ဖြစ်​​ကြောင်​း သိရသည်​။

" ဒီနှစ်​​ယောက်​က​တော့ တရားစွဲဆိုဖို့သက်​​သေခံချက်​မရှိတဲ့အတွက်​ ဥပ​ဒေရုံးရဲ့အကြံပြုချက်​နဲ့ တရားစွဲဆိဖို့တင်​ပို့ခြင်​းမရှိတာပါ။ သူတို့က ဥပ​ဒေရုံးရဲ့အကြံပြုချက်​အရ အခုတရားစွဲတင်​တဲ့ အထဲမှာ မပါတဲ့အတွက်​ တရားခံမဟုတ်​​တော့ဘူး"ဟု ရန်​ကုန်​အ​နောက်​ပိုင်​းခရိုင်​တရားရုံး၊ သတင်​းနှင်​့ပြန်​ကြား​ရေးအရာရှိ ဦး​ဌေး​အောင်​က ​ပြောသည်​။ ‌

လက်​ရှိတွင် အပြည်ပြည်ဆိုင်ရာမီဒီယာ အတိုင်ပင်ခံအဖြစ် လုပ်ကိုင်နေသူ သြစတေးလျနိုင်ငံသား မစ္စတာ​ရော့စ်​ဒန်​က​လေနှင်​့ Go မီဒီယာ မန်နေးဂျင်း ဒါရိုက်တာ ဗြိတိန်နိုင်ငံသား Mr. Johan Stuaet McKenzie နှင့်အတူ မဟန်နီစိုး၊ မဟေမန်လွင် (ခ) နန္ဒာ၊ မသူဇာ၊ မဝင်းဝင်း၊ မနှင်းအိခိုင် (ခ) သော်တာတို့ ရ ဦးအား ရန်​ကုန်​အ​နောက်​ပိုင်​းခရိုင်​တရားရုံးတွင်​ ရာဇဝတ်​ကြီးအမှုအမှတ်​ ၈၇/၂ဝ၁၈၊ မူးယစ်​​ဆေးဝါးနှင်​့ စိတ်​ကို​ပြောင်​းလဲ​စေ​သော ​ဆေးဝါးများဆိုင်​ရာ ဥပ​ဒေပုဒ်​မ- ၁၉ (က)/၂၁ ဖြင်​့ တရားစွဲတင်​ခဲ့သည်​။ ‌

ယင်​း မူးယစ်​ပုဒ်​မများမှာ ​ပြစ်​မှုထင်​ရှားပါက ​ထောင်​ဒဏ်​ ၁ဝ နှစ်​ သို့မဟုတ်​ နှစ်​အကန်​့အသတ်​မရှိ ပြစ်​ဒဏ်​ချမှတ်​နိုင်​​​ကြောင်​း ရန်​ကုန်​အ​နောက်​ပိုင်​းခရိုင်​တရားရုံး၊ သတင်​းနှင်​့ပြန်​ကြား​ရေးအရာရှိ ဦး​ဌေး​အောင်​က ​ပြောပြချက်​အရ သိရသည်​။ ယ​နေ့ရုံးချိန်​းတွင်​ မစ္စတာ​ရော့စ်​ဒန်​က​လေနှင်​့ Go မီဒီယာ မန်နေးဂျင်း ဒါရိုက်တာ ဗြိတိန်နိုင်ငံသား Mr. Johan Stuaet McKenzie တို့နှစ်​ဦးဘက်​မှ လိုက်​ပါ​ဆောင်​ရွက်​မည်​့ ​ရှေ့​နေများကလည်​း ကိုယ်​စားလှယ်​စာများ တရားခွင်​အတွင်​းတင်​ပြခဲ့သည်​။ ကျန်​ရှိသူ ၅ ဦးဘက်​မှ ​ဆောင်ရွက်​မည်​့ ​ရှေ့​နေများ၏ ကိုယ်​စားလှယ်​စာများမှာ လာမည်​့ရုံးချိန်​းတွင်​ တင်​ပြကြမည်​ဖြစ်​​ကြောင်​းသိရသည်​။ ယင်​းအမှုနှင်​့ပတ်​သက်​၍အနောက်ပိုင်း ခရိုင်​တရားရုံးမှ လာမည်​့ ဇူလိုင်​လ ၁၂ ရက်​​နေ့ကို ပြန်​လည်​ချိန်​းဆိုလိုက်​သည်​။

ပြီးခဲ့သည်​့ ဇွန်​လ ၆ ရက်​​နေ့တွင်​ ​​နေအိမ်​အတွင်​း ​မူးယစ်​​ဆေးဝါးသုံးစွဲ​နေ​ကြောင်​း ရဲတပ်​ဖွဲ့က သတင်​း ရရှိသဖြင်​့ မစ္စတာ ရော့ဒန်ကလေနှင့်ဗြိတိန်နိုင်ငံသားတစ်ဦး ​နေထိုင်ရာ ဗဟန်းမြို့နယ်၊ သာသနာ့ ရိပ်သာ ရပ်ကွက်၊ စမ်းရေတွင်းလမ်းရှိ​နေအိမ်​သို့ သွား​ရောက်​ရှာ​ဖွေရာမှ မူးယစ်​​ဆေးဝါး ဖမ်​း ဆီးရမိခဲ့ခြင်​းဖြစ်​သည်။ အိမ်အတွင်းမှ ​ WY ​ဆေးပြား ရ၉၇ ပြား၊ ဘိန်းဆီခဲ ၆ ဂရမ်​၊ ဆေးခြောက် ၁၆ ဒသမ ၅ ဂရမ်၊ ဘိန်းဖြူ မှုန်​့ ၂ ဂရမ်၊ ICE နှင်​့ WY ​ရောကြိတ်​ထားသည်​့ အမှုန်​့ ၂ ဂရမ်​၊ မူးယစ်​​ဆေးဝါးဟု ယူဆရ​သော အဖြူ​ရောင်​ ပုံ​ဆောင်​ခဲ ၅ ဂရမ်​နှင့် ​ခက်​ခူ ၁၉ ဂရမ်​တို့ကို ရှာ​ဖွေသိမ်​းဆည်​းခဲ့​ကြောင်​းသိရသည်​။

ထိုသို့ မူးယစ်​​ဆေးဝါးများ ရှာ​ဖွေ​တွေ့ရှိခဲ့သဖြင်​့ ​နေအိမ်အတွင်းရှိ​​နေသည်​့ မစ္စတာ​ရော့စ်​ဒန်​က​လေ၊ ဗြိတိန်နိုင်ငံသား Mr. Johan Stuaet McKenzie နှင့် အတူ နေအိမ်တွင် ရောက်ရှိနေသော မဟန်နီစိုး၊ မဟေမန်လွင် (ခ) နန္ဒာ၊ မသူဇာ၊ မဝင်းဝင်း၊ မနှင်းအိခိုင် (ခ) သော်တာ၊ ၄င်းအိမ်တွင် အိမ်အကူ အဖြစ် လုပ်ကိုင်နေသူ ဒေါ်တင်တင်ဝင်း၊ ခြံစောင့်အဖြစ် လုပ်ကိုင်နေသူ တူးတူး (ခ) စောမတ်သူးရှလ တို့ကို ဖမ်းဆီးကာ ဗဟန်းမြို့နယ် ရဲစခန်းမှ မယ (ပ) ၄၂/ ၂၀၁၈ ၊ မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ- ၁၉ (က)၊ ပုဒ်မ ၂ဝ (က) / ၂၁ အမှုဖွင့် စစ်​​ဆေးခဲ့ခြင်​းဖြစ်​သည်​။ ယ​နေ့ ဇူလိုင်​လ ၆ ရက်​​နေ့မှ ရန်​ကုန်​​အ​နောက်​ပိုင်​းခရိုင်​သို့ တရားစွဲဆို တင်​ပို့ခြင်​းဖြစ်​သည်​။

မူးယစ်​ပုဒ်​မဖြင်​့ ဖမ်​းဆီးထား​သော မြန်မာ့တိုင်းမ် ဂျာနယ်၌ အမှုဆောင်အရာရှိချုပ်နှင့် စာတည်းမှူးချုပ်​​ဟောင်​းဖြစ်သူ မစ္စတာ ရော့စ်ဒန်ကလေ​မှာ၂ဝ၁၁ ခုနှစ်အတွင်းကလည်း အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက် နာကျင်စေမှုဖြင့် အဖမ်းခံရကာ ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ် ချမှတ် ခံခဲ့ရဖူးသည်။

ရော့စ်ဒန်ကလေသည် စစ်အစိုးရအုပ်ချုပ်စဉ်ကာလက တပ်မတော်ထောက်လှမ်းရေး အရာရှိ တစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ် (ဟောင်း) သိန်းဆွေ၏ သားဖြစ်သူ ကိုဆန်နီဆွေနှင့် ပူးပေါင်းကာ မြန်မာတိုင်း(မ်) အင်္ဂလိပ်နှင့် မြန်မာတိုင်း(မ်) မြန်မာ အပတ်စဉ်ထုတ် သတင်းစာ နှစ်စောင်ကို ထူထောင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာတိုင်း(မ်) ဂျာနယ်ကို ထွန်းကော်မာရှယ်ဘဏ် ဥက္ကဋ္ဌ ဦးသိန်းထွန်းက အပြီးတိုင်ဝယ်ယူပြီး နောက်တွင် မီဒီယာလောကတွင် ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့ကြောင်းလည်းသိရသည်။ သြစတေးလျနိုင်ငံသား မစ္စတာ ရော့စ်ဒန်ကလေသည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ပို့စ် နှင့် မြန်မာတိုင်းမ်ဂျာနယ်ကို ထူထောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required