ထိုင်း ရေယာဉ်တိမ်းမှောက်မှု သေဆုံးသူ ၂၁ ဦးထိ မြင့်တက်

ထိုင်း ရေယာဉ်တိမ်းမှောက်မှု သေဆုံးသူ ၂၁ ဦးထိ မြင့်တက်

ဇူလိုင် ၆ ။           ။ ထိုင်းနိုင်ငံ ဖူးခက်အပန်းဖြေခရီးသွားကျွန်း ပင်လယ်ပြင်မှာ ယမန်နေ့က ရေယာဉ်တိမ်းမှောက်နစ်မြုပ်ခဲ့ပြီးနောက် ယခုအခါ သေဆုံးသူဦးရေဟာ ၂၁ ဦးထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဇူလိုင် ၆ ရက်မှာ ပြောပါတယ်။

ဒါ့အပြင် ရေငုပ်သမားတွေကလည်း နစ်မြုပ်သွားတဲ့  ရေယာဉ်ကိုယ်ထည်တွင်းမှာ ရုပ်အလောင်း အများအပြားရှိနေသေးတာကို တွေ့ခဲ့ရတယ်လို့လည်း သိရပါတယ်။

ယင်း ရေယာဉ်နစ်မြုပ်မှုကြောင့် ယနေ့ မနက်ပိုင်းအထိ လူပေါင်း ၅၀ ကျော် ပျောက်ဆုံးနေကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ယခုအခါမှာ ရုပ်အလောင်း ၂၁ လောင်းကို ပြန်လည် ဆယ်ယူရရှိထားပြီ ဖြစ်တယ်လို့ ဖူးခက် ကယ်ဆယ်ရေးစင်တာက ထုတ်ပြန်ပါတယ်။

တရုတ်ခရီးသွား အများစု လိုက်ပါလာတဲ့ အဆိုပါ ရေယာဉ်ကတော့ ယမန်နေ့က ပင်လယ်ပြင်တွင်း လေပြင်းမိပြီး ယခုလို အဖြစ်ဆိုးနဲ့ ကြံုတွေ့ခဲ့ရတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required