မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် မယ်ရွှေ့ပြောင်း ဖေ့ဘွတ်ခ်ပေ့ချ်နှင့်ရွှေအိမ်မက် APP မိတ်ဆက်

မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် မယ်ရွှေ့ပြောင်း ဖေ့ဘွတ်ခ်ပေ့ချ်နှင့်ရွှေအိမ်မက် APP မိတ်ဆက်
ဓာတ်ပုံ-သူရ/မဇ္ဈိမ

 

ရန်ကုန် ၊ ဇူလိုင် ၄ ရက် ။                      ။ မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လူကုန်ကူးမှုနှင့် အမြတ်ထုတ်ခံရမှုကာကွယ်နိုင်ရန် မယ်ရွှေ့ပြောင်း (Mel Shwet Pyaung ) Facebook Page  နှင့် ရွှေအိမ်မက် App တစ်ခုကို ဇူလိုင်လ ၃ ရက်က စတင် မိတ်ဆက်ခဲ့သည်။

ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ရေးကူညီရေးဗဟိုဌာနသို့ ဘယ်လို သွားရောက်နိုင်မလဲ၊ ၊ အလုပ်အကိုင်နဲ့ အလုပ်သမားရှာဖွေရေးရုံးတို့မှ သတင်းအချက်အလက်များ  ရရှိရေးတို့အတွက် အထောက်အကူပေးနိုင်သော IOM Myanmar ၏ မယ်ရွွှေ့ပြောင်း Facebook ပေ့ချ် ဖြစ်သည်။

အဆိုပါပေ့ချ်တွင် အပြန်အလှန် စကားပြောရ လွယ်ကူတဲ့စနစ်ပါရှိပြီး ရွှေ့ပြောင်းသွားလာခြင်းနှင့် သက်ဆိုင် သော သိရှိလိုသည်များကို ဖော်ပြပေးနေခြင်း ဖြစ်သည်။

" စက်ရုံအလုပ်သမားတွေ အတွက်လဲ ကိုယ်အလုပ်လုပ်ပေးနေတဲ့ စက်ရုံကောင်းသည်၊ ဆိုးသည်ကို ပြောပြ ပေးလို့ ရပါတယ်။ အခုဆို မိုဘိုင်းဖုန်းတွေသုံးလာတာနဲ့ အမျှလေ့လာစရာတွေ အများကြီး ဖြစ်လာပါတယ်။ နည်းပညာတိုးတက်မှုတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် သိရှိလိုတာတွေ၊ စုံစမ်းလိုတာတွေကို သတင်းအချက်အနေနဲ့ထည့်ပေးနိုင်အောင် ပြုလုပ်ထားခြင်းဖြစ်တယ်” ဟု မဥမ္မာအိအိချော (Country Director - Issara Institue ) က ပြောသည်။

မယ်ရွှေ့ပြောင်း( Mel Shwet Pyaung )Facebook ပေ့ချ်နှင့်ရွှေအိမ်မက် အက်ပီကေးရှင်းတို့မှ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို အကူညီပေးနိုင်ရေးအတွက် "ကောင်းမွန်သော   ရွှေ့ပြောင်းသွားလာနေထိုင်ရေးဆီသို့" ဆိုသော ဗီဒီယိုများကို ထုတ်လုပ်ထားပြီး အဆိုပါဗီဒီယိုတွင် သတင်းအချက်အအလက်နှင့် မယ်ရွှေ့ပြောင်း( Mel Shwet Pyaung )Facebook ပေ့ချ်သို့ မေးခွန်းများ သွားရောက်မေးမြန်းနိုင်တာကိုပါ ထည့်သွင်းထားမည် ဖြစ်သည်။

လက်ရှိတွင် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် အမြတ်ထုတ်ခြင်းခံရသော်လည်း တရားဥပဒေအရ ပြန်လည်အရေးယူမည်ကို စိုးရိမ်ကြ၍အာဏာပိုင်များကို သတင်းပို့တိုင်ကြားရန် ကြောက်ရွံနေကြရသည်များ ရှိနေသည်။

ထို့ကြောင့် ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံနှင့် အခြားနိုင်ငံများမှ မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် အထောက်အကူဖြစ်စေရန် အဆိုပါ အစီအစဉ်ကို USAID နှင့် IOM အပါအဝင် အခြားအဖွဲ့အစည်းတွေမှ ပံ့ပိုးထားခြင်း ဖြစ်သည်။  

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပြည်ပပြောင်းရွှေ့သူ ၄.၂၅ သန်း၊ ပြည်တွင်းရွှေ့ပြောင်းသွားလာသူ ၉.၄ သန်းရှိပြီး စုစုပေါင်းလူဦးရေ၏  ၁၇ ရာခိုင်နှုန်း ဖြစ်သည်။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly