Dulwich College Yangon ၏ ပန်းလှိုင်ကျောင်းဝင်းတွင် IGCSE programmeကို စတင်ဖွင့်လှစ်မည့် အကြောင်း

Dulwich College Yangon ၏ ပန်းလှိုင်ကျောင်းဝင်းတွင် IGCSE programmeကို စတင်ဖွင့်လှစ်မည့် အကြောင်း

ပြည်တွင်း၌ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသော ကျောင်းသားကျောင်းသူများအနေဖြင့် သြစတြးလျ၊ စင်္ကာပူ၊ မလေးရှားအစရှိသည့် နိုင်ငံများတွင်ပညာသင်ကြားလိုသော အခါသက်ဆိုင်ရာ နိုင်ငံများ၏ foundation (၁)နှစ်ကို တက်ရောက်ကာ တက္ကသိုလ်များသို့ ဆက်လက် တက်ရောက်နိုင်သော်လည်း UK နဲ့ US နိုင်ငံများရှိ ထိပ်တန်းတက္ကသိုလ်များတွင် ပညာသင်ကြားရန် ရည်ရွယ်ထားပါက IGCSE စာမေးပွဲကိုဖြေဆိုရန် လိုအပ်ပါတယ်။

IGCSE စာမေးပွဲဖြေဆိုရာတွင် တစ်ကြိမ်တည်းနှင့် ဘာသာရပ် (၈)ခုလုံး၌အဆင့် A ရရှိသော ကျောင်းသားကျောင်းသူများကို နိုင်ငံတကာတက္ကသိုလ်များသည် စကောလားရှစ်(ပညာသင်ဆု) ချီးမြှင့်လေ့ရှိသည့်အတွက် IGCSE စာမေးပွဲကို ထူးချွန်စွာဖြေဆိုနိုင်ပါက နိုင်ငံတကာတက္ကသိုလ်များမှ စကောလာရှစ် (ပညာသင်ဆု) ရရှိနိုင်သောကြောင့် ကျောင်းစရိတ်ကိုလည်းများစွာ သက်သာစေနိုင်ပါတယ်။

မိမိတို့၏ ကလေးငယ်များသည် မိမိကိုယ်တိုင်ကြိုးစားရန် လိုအပ်သလို IGCSE စာမေးပွဲပြင်ဆင်ရန်အတွက် တက်ရောက်ရမည့် ကျောင်းကိုမူလတန်းမှ စတင်၍ မှန်ကန်စွာ ရွေးချယ်ခြင်းသည်လည်း အလွန်ပင်အရးကြီးလှပါတယ်။ နိုင်ငံတကာကျောင်းများတွင် အစဉ်အလာကောင်းများ ရရှိထားပြီး ထူးချွန်ထက်မြက်သော ကျောင်းသားကျောင်းသူများကို မွေးထုတ်ပေးနိုင်သော   နိုင်ငံတကာအဆင့်မီကျောင်းများကို ရွေးချယ်ကာ မိမိကလေးငယ်၏ ကြိုးစားအားထုတ်မှုများနှင့် ပေါင်းစည်းလိုက်လျှင်ဖြင့် အထက်မှာဖော်ပြခဲ့သော အကျိုးကျေးဇူးများကို သေချာပေါက် ရရှိနိုင်မည်ဖြစ်ပါသည်။

ပြည်တွင်းရှိ ကျောင်းသားမိဘများအနေဖြင့် မိမိတို့၏ ကလေးငယ်များကို ငယ်ရွယ်စဉ် မူလတန်းအရွယ်မှစ၍ IGCSEစာမေးပွဲကို ထူးချွန်စွာ အောင်မြင်နိုင်ရန်အတွက် စိတ်ချစွာထားရှိနိုင်မည် နိုင်ငံတကာကျောင်းများ ယခင်ကမရှိခဲ့သည့်အတွက် လက်ရှိအခြေအနေတွင် မိမိတို့၏ ကလေးငယ်များကို UK နဲ့ US နိုင်ငံများရှိ ထိပ်တန်းတက္ကသိုလ်များတွင် ပညာသင်ယူစေလိုသော မိဘများသည် တက္ကသိုလ်ဝင်တန်းအတွက်သာမက IGCSEစာမေးပွဲကိုမိမိတို့၏ ကလေးငယ်များအောင်မြင်စွာဖြေဆိုနိုင်ရန်လည်း ပူပန်ခဲ့ကြရပါသည်။ ယခုအခါတွင် ဤပူပန်မှုများအတွက် စိတ်အေးစရာတစ်ခုရှိနေပြီ ဖြစ်ပါသည်။

Dulwich College Yangon သည် ပညာရေးကဏ္ဍတွင် အရည်အချင်းပြည့်မီသော ဗြိတိသျှနိုင်ငံတကာ ပုဂ္ဂလိကကျောင်းဖြစ်ပြီး ၂၀၁၉ခုနှစ်မှစတင်ကာ Year 10 နှင့် Year 11 တို့အတွက် ဉာဏ်ရည်အလိုက် IGCSE program ကိုDulwich College Yangon ၏ ပန်းလှိုင်ကျောင်းဝင်းတွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် မိမိတို့၏ ကလေးငယ်များကို မူလတန်းအရွယ်မှ စတင်၍ Dulwich College Yangon ၌ ပညာသင်ယူစေပြီးမိမိတို့၏ ကလေးအနာဂတ်အတွက် စိတ်အေးနိုင်ပြီဖြစ်ပါသည်။

ထို့အပြင် Dulwich College ၏ အစဉ်အလာကောင်းများကိုလညး် အနည်းငယ်ဖော်ပြပေးချင်ပါသည်။

Dulwich College Yangon တွင် တက်ရောက်နေသော ကျောင်းသားကျောင်းသူများ၏ ပျမ်းမျှရ၉% လောက်သည် ၂၀၁၇ ခုနှစ် တွင် ဖြေဆိုခဲ့သော IGCSE စာမေးပဲတွင် ရလဒ် A*/A Gradeများရရှိခဲ့ပြီး top two အဆင့် ရရှိခဲ့ပါတယ်။ Dulwich College International ကျောင်းသား ကျောင်းသူများသည်လည်း တရုတ်နိုင်ငံတွင် ထိပ်ဆုံးအဆင့် ၂၉ ယောက် ဖြစ်ခဲ့ပြီး ၂၀၁၇ခုနှစ် IGCSE ရမှတ်အတွက ်ကမ္ဘာ့အဆင့်အမြင့်ဆုံးရရှိခဲ့ပါတယ်။

လန်ဒန် အခြေစိုက်ဖြစ်သော Dulwich College သည် တရုတ်၊ စင်္ကာပူနှင့် တောင်ကိုရီယား နိုင်ငံတို့တွင် Dulwich College International ကျောင်းခွဲများအဖြစ် ကွန်ယက်များဖြန့်ကျက်ခဲ့ပြီး Dulwich College Yangon သည် နောက်ဆုံးဖွင့်လှစ်ခဲ့သော ကျောင်းခွဲ လည်းဖြစ်ပါတယ်။ Dulwich College International ကျောင်းမှ ကျောင်းသားကျောင်းသူတိုင်းသည် ကမ္ဘာတစ်ဝှမ်းရှိ အကောင်းဆုံးထိပ်တန်း တက္ကသိုလ်များကို တက်ရောက်ခွင့်ရရှိခဲ့သော မှတ်တမ်းများရှိခဲ့ပြီး ၄င်းမှတ်တမ်းကို မြန်မာနိုင်ငံတွင်လည်း ဆက်လက်ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ထားတာဖြစ်ပြီး ပြည်တွင်းရှိ ကျောင်းသားကျောင်းသူ မိဘများအတွက် ရွေးချယ်စရာတစ်ခုအဖြစ် အကြံပေးဖော်ပြလိုက်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags