သက်ငယ်မုဒိမ်းမှု အမှုမှန်ပေါ်ရေးစွမ်းဆောင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများကို ဂုဏ်ပြု

သက်ငယ်မုဒိမ်းမှု အမှုမှန်ပေါ်ရေးစွမ်းဆောင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများကို ဂုဏ်ပြု
အမျိုးသမီးများ အဖွဲ့(WJ) မှ ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် ကျရောက်သော အပြည် ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ်တောင်းဆိုမှုပြုလုပ်ခဲ့စဉ်

ဇူလိုင် ၃ ။           ။ သက်ငယ်မုဒိမ်းမှုများတွင် အမှုမှန်ပေါ်ပေါက်ရန် စွမ်းဆောင်ခဲ့သည့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများအား တိုင်းအစိုးရက အမျိုးသမီးများနေ့တွင် ဂုဏ်ပြုပွဲ ပြုလုပ်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောသည်။

အင်္ဂပူမြို့နယ်၊သက်ငယ်မုဒိမ်းမှုနှင့်ပတ်သက် ဆောင်ရွက်ပေးခဲ့သည် ကျန်းမာရေးဝန်ထမ်းများကို ထူးချွန်သူအဖြစ် ရွေးချယ်ခဲ့ကြောင်း သိရသည်။

"အင်္ဂပူမြို့နယ်ထဲမှာ သက်ငယ်မုဒိန်းမှုနဲ့ပတ်သက်ပြီး အများကြီးအတိုက်အခံလုပ်ပြီး နှစ်ရှည်လများ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးလို့ သူကို အမျိုးသမီးတွေအတွက် တူးးချွန်တဲ့သူအဖြစ် ရွေးချယ်ခဲ့တယ် ၊နောက်တစ်ယောက်က အသုတ်တိုက်နယ်ဆေးရုံက ဆရာဝန်ဖြစ်ပါတယ်။ သူလည်း သက်ငယ်မုဒိမ်းမှု နဲ့ ပတ်သက်ပြီး ရဲစခန်းအထိလိုက်ပြီး ဆောင်ရွက်ပေးခဲ့တဲ့အတွက်ကြောင့် အမျိုးသမီးကော်မတီအနေနဲ့ အမျိုးသမီးနေ့မှာ ထူးချွန်သူတွေအနေနဲ့ ရွေးချယ်တာ”ဟု ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောသည်။

အင်္ဂပူမြို့နယ်၊သက်ငယ်မုဒိမ်းမှုနှင့်ပတ်သက် ဆောင်ရွက်ပေးခဲ့သည် ကျန်းမာရေးဝန်ထမ်းဦးအောင်မြတ်သူ "ဝန်ထမ်း အားလုံးပေါ့ အမှန်တရားကို မြတ်နိုးပါလို့ အကြံပေးချင်ပါတယ်၊မြတ်နိုးတဲ့အတွက် ဒီဆုကို ရတာပါ။ သူတို့လည်း ထိုက်တန်တဲ့ဆုကိုရမှာပေါ့ ။ အမှန်တရားက နည်းနည်းတော့ခါးပါတယ် ။ သည်းခံပြီး အလုပ်လုပ်ရပါတယ်”ဟု ဆုပေးပွဲအပြီး မဇ္စျိမသို့ဖြေဆိုခဲ့သည်။

အမျိုးသမီးများနေ့ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးတွင် ထူးချွန်သည့် အမျိုးသမီးများအား ၎င်း အမျိုးသမီးများအတွက် ထူးချွန်စွာဆောင်ရွက်ပေးကြသူများအား ဆုများပေးအပ်ချီးမြင့်ခဲ့ကာ ပညာရေး နယ်ပယ်၊ကျန်းမာရေးနယ်ပယ် အားကစားနယ်ပယ်မှ ထူးချွန်းသူများအား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့တော် ခန်းမတွင်ကျင်းပပြုလုပ်ပြီး၊ အမျိုးသမီးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၊ ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ခရိုင်ဥပဒေအရာရှိ၊ လူမှုရေးအဖွဲ့အစည်းက တစ်ဦး၊စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင်အမျိုးသမီးရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး တို့ပါဝင်သည့် အမျိုးသမီးနှင့် အနာဂါတ် စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။

ဇူလှိုင်လ၃ရက်နေ့တွင် ကျရောက်သည့် အမျိုးသမီးများနေ့အခမ်းအနားအား ပုသိမ်မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ၂ဝ၁၇ ခုနှစ်၌ သက်ငယ်မုဒိမ်းမှု ၈၇ မှုဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးတွင် ရ၈ မှုဖြင့် ဒုတိယအများဆုံးဖြစ်ပွားခဲ့သည်။

ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အမြတ်ထုတ်မှုများ လျော့နည်းသွားစေရေး၊ ဖြစ်ပေါ်လာပါက အလျင်အမြန်သိရှိသတင်းပို့တိုင်ကြားနိုင်ရေး၊ ထိခိုက်ခံစားရသော ကလေးသူငယ်များ လိုအပ်မည့် အကူအညီများအား အလျင်အမြန်ပေးနိုင်ရေးနှင့် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ဖုန်းနံပါတ် ၀၆၇၄၀၄၉၉၉ နှင့် ၀၆၇၄၀၄၂၂၂ သို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနက အသိပေးထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required