လက်စ်ကော့တ်နှင့်လော်ရီကို အက်စတွန်ဗီလာအသင်းခေါ်ယူ

လက်စ်ကော့တ်နှင့်လော်ရီကို အက်စတွန်ဗီလာအသင်းခေါ်ယူ

စက်တင်ဘာ ၂၊ ဘာမင်ဂမ် ။          ။ အက်စတွန်ဗီလာအသင်းသည် ဝက်စ်ဘရွန်းနောက်ခံလူ လက်စ်ကော့တ်ကို ပေါင် ၂ သန်းထိရှိနိုင်မည့်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူခဲ့ပြီး လီဗာပူးလ်နောက်ခံလူလော်ရီ ကိုတစ်ရာသီ အငှားစာချုပ်ဖြင့်ခေါ်ယူခဲ့သည်။

အသက် ၂၂ အရွယ်ရှိလော်ရီအတွင် ငှားရမ်းခပေါင် ၁ သန်းပေးခဲ့ရပြီး ရာသီကုန်တွင်စာချုပ်ပါအချက်အလက်ပေါ်မူတည်ပြီး ပေါင် ၆ သန်းနှင့် ၉ သန်းကြားပေးပြီး အပြီးသတ်ခေါ်ချင်ခေါ်နိုင်မည်ဖြစ်သည်။

အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၂၆ ပွဲကစားထားသော အသက် ၃၃ နှစ်အရွယ်လက်စ်ကော့တ်မှာ နှစ်နှစ်စာချုပ်ခဲ့ခြင်းဖြစ်သည်။ အက်စတွန်ဗီလာသည် အသက် ၁၈ နှစ်အရွယ် အန်ဒါလက်ချ် ဂိုးသမား ဆာကစ်ကိုလည်း သုံးနှစ်စာချုပ်ဖြင့်ခေါ်ယူထားသည်။

အသင်းအနေဖြင့် စာမချုပ်နိုင်ခဲ့သည့်ကစားသမားတစ်ဦးရှိပြီး ဘူလ်ဂေးရီးယားတိုက်စစ်မှူး ဘာဘာတော့ဗ်ဖြစ်သည်။ အသက် ၃၄ နှစ်အရွယ် မန်ယူနှင့် စပါးတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ် ကိုခေါ်ယူ ရန်အေးဂျင့်နှင့်ဆွေးနွေးခဲ့သော်လည်း လစာမြင့်မားလွန်းသောကြောင့် မခေါ်ဖြစ် ခဲ့ခြင်းဖြစ်သည်။

ဘာဘာတော့ဗ်သည် နွေရာသီအပြောင်းအရွှေ့အစောပိုင်းတွင် ပြင်သစ်ကလပ် မိုနာကိုအသင်းထံမှ ထွက်ခွာခဲ့ပြီး အသင်းလက်မဲ့ဖြစ်နေ သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly