ထိုင်းရှိ ဂူထဲတွင် ပိတ်မိနေခဲ့သော ပျောက်ဆုံးကျောင်းသားများ နှင့် ဘောလုံးနည်းပြတို့အား အသက်ရှင်လျက် ပြန်တွေ့

ထိုင်းရှိ ဂူထဲတွင် ပိတ်မိနေခဲ့သော ပျောက်ဆုံးကျောင်းသားများ နှင့် ဘောလုံးနည်းပြတို့အား အသက်ရှင်လျက် ပြန်တွေ့
(ဓာတ်ပုံ - Lillian Suwanrumpha/AFP)

ထိုင်းနိုိင်ငံမှ ပျောက်ဆုံး ကျောင်းသား ၁၂ ဦးနှင့် ဘောလုံးနည်းပြတစ်ဦးတို့ အားလုံးကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိပြီ ဖြစ်သည်။ ၄င်းဂူထဲတွင် ကိုးရက်ကြာ ပိတ်မိနေပြီးနောက် ပြန်လည်တွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း ချင်းရိုင် အုပ်ချုပ်ရေးမှူးက အတည်ပြုခဲ့သည်။

ရေလွှမ်းနေ၍ ဝင်ရခက်ခဲသော လိုဏ်ဂူထဲသို့ ထိုင်းရေတပ် SEAL မှ ရေငုပ်သမားများပါဝင်သည့် အဖွဲ့က ကြိုးစားပမ်းစား ကယ်ဆယ်ရေး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

ပျောက်ဆုံးခဲ့သော ကျောင်းသားများမှာ အသက် ၁၁ နှစ်မှ ၁၆ နှစ် အရွယ်အထိ ဖြစ်ကြကာ ၄င်းတို့၏ ဘောလုံးနည်းပြမှာ အသက် ၂၅နှစ် အရွယ်ဖြစ်သည်။ 

လိုဏ်ဂူအတွင်းရှိ ပတ္တယားကမ်းခြေဟု အမည်ရှိသည့် နေရာအနီးတွင် ပျောက်ဆုံးကျောင်းသားများကို ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 

“Wild Boar” ဘောလုံးအသင်းမှ ပျောက်ဆုံးကျောင်းသားများ ပြန်လည်တွေ့ရှိရေး မျှော်လင့်ချက်ကို ကယ်ဆယ်ရေးသမားများ၊ ကျောင်းသားများ၏ သူငယ်ချင်းများ နှင့် ဆရာ ဆရာမများက လက်မလျှော့ခဲ့ကြဘဲ၊ ကယ်ဆယ်ရေးသမားများက သက်စွန့်ဆံဖျား ကြိုးပမ်း ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဟာ ပျောက်ဆုံးသူ ၁၃ဦးရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက် အချိန်ရယ်၊ ရေပြင်ရယ်ကို တိုက်ပွဲဝင်ခဲ့တာပါ”ဟု ချင်းရိုင် အုပ်ချုပ်ရေးမှူး Narongsak Osottanakorn က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required