မဲဆန္ဒရှင်စာရင်းများ စက်တင်ဘာ ၁၄ ရက်တွင် ကြေညာမည်

မဲဆန္ဒရှင်စာရင်းများ စက်တင်ဘာ ၁၄ ရက်တွင် ကြေညာမည်

စက်တင်ဘာ ၂ ရက် ။          ။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို မြန်မာနိုင်ငံတစ်ဝန်း စက်တင်ဘာ ၁၄ ရက်တွင် ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဖွဲ ရုံးများ၌ ကပ်ထားကြေညာသွားမည်ဖြစ်သည်။

မဲဆန္ဒရှင်များသည် မဲစာရင်းတွင် အမည်ပါဝင် ရှိမရှိ၊ မပါဝင်သင့်သူများပါဝင်နေခြင်း ရှိမရှိ နှင့် အချက်အလက်များ မှန်ကန်မှု ရှိမရှိတို့ကို သွားရောက်ကြည့်ရှုကြပါ ရန်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က စက်တင်ဘာ ၁ ရက်တွင် ကြေညာထားသည်။

အမည်မပါသူများ၊ ကန့်ကွက်လိုသူများ၊ ပြင်ဆင်လိုသူများအနေဖြင့် စက်တင်ဘာ ၁၄ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဖွဲရုံးသို့ 'အချိန်မီ' တင်သွင်းကြရမည်ဖြစ်သည်။

ရေဘေးသင့်ဒေသများတွင်လည်း မဲစာရင်းကို စက်တင်ဘာ ၁၄ ရက်နေ့တွင် ကပ်ထားကြေညာမည်ဖြစ်သည်။ ရေဘေးသင့်ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အချို့၌ ပုံစံ ၃၊ ပုံစံ ၄နှင့် ပုံစံ ၄-ဂ တင်သွင်းခြင်းကို စက်တင်ဘာ ၂၇ ထက်ကျော်လွန်၍ ဆောင်ရွက်ရန်လိုအပ်ပါက အချိန်တိုးမြှင့်နိုင်ရန် သက်ဆိုင်ရာမြို့နယ်ကော်ရှင်အဖွဲ့ခွဲက 'သင့်လျော်သည့်ကာလ' ကို သတ်မှတ်၍ မဲစာရင်းနှင့် စပ်လျဉ်းသည့် ပုံစံ ၂ နှင့် ပုံစံ ၂-က တို့တွင် ထည့်သွင်းထုတ်ပြန်သွား မည်ဟု ကြေညာချက်တွင်ပါဝင်သည်။

မိမိအမည်မပါက ပုံစံ ၃၊ မပါသင့်သူများပါနေပါက ကန့်ကွက်ရန် ပုံစံ ၄၊ အချက်အလက်များ မမှန်ပါက ပုံစံ ၄-ဂ တို့ကို အသုံးပြု ဖြည့်စွပ်တင်သွင်းရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required