ဆဲလ်တစ်နောက်ခံလူ ဗာဂျယ်ဗန်ဒစ် ဆောက်သမ်တန်သို့ ရောက်ရှိ

ဆဲလ်တစ်နောက်ခံလူ ဗာဂျယ်ဗန်ဒစ် ဆောက်သမ်တန်သို့ ရောက်ရှိ

စက်တင်ဘာ ၂၊ လန်ဒန် ။            ။ ဆောက်သမ်တန်အသင်းသည် ဆဲလ်တစ်အသင်း မှဟော်လန်နောက်ခံကစားသမား ဗာဂျယ်ဗန်ဒစ်ကို အပြောင်းအရွှေ့နောက်ဆုံးရက် တွင်ခေါ်ယူနိုင်ခဲ့သည်။

ဆောက်သမ်တန်အသင်းက ဗန်ဒစ်အတွက် ပြောင်းရွှေ့ကြေးပေါင် ၁၁ ဒသမ ၅ သန်းပေးချေခဲ့ရပြီး ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

'အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့လို့ ဝမ်းသာမိပါတယ်။ ဆောက်သမ်တန်ကို ပြောင်းဖို့ ဆုံးဖြတ်ချက်ချရတာ အလွန်လွယ်ကူပါတယ်။ ဒီအသင်းက ရည်မှန်းချက်ကြီးတဲ့ အသင်းပါ။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ရလဒ်ကောင်းတွေရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါက ကျွန်တော့်ရဲ့ ကစားသမားဘဝအတွက် နောက်တစ်ဆင့်တက်ဖို့ မှန်ကန်တဲ့ ပြောင်းရွှေ့မှုပါပဲ။

ပရီးမီးယားလိဂ်မှာ ကစားခွင့်ရရှိမှာက တကယ့်အခွင့်အရေးကောင်းပါ။ မယုံကြည်နိုင်စရာကောင်းပြီး ကျွန်တော်တကယ်ကို ပျော်ပါတယ်' ဟု ဗန်ဒစ်က ပြောသည်။

ဆဲလ်တစ်အသင်းသည် ဗန်ဒစ်ကို ဆက်လက်ထိန်းသိမ်းထားလိုခဲ့ပြီး စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်းခဲ့သော်လည်း ကစားသမားကိုယ်တိုင်က ပရီးမီးယားလိဂ်တွင် စိန်ခေါ်မှုအသစ်များကို ရှာဖွေလိုသည့် အတွက် လက်လွှတ်ခဲ့ရခြင်း ဖြစ်ကြောင်း ဆဲလ်တစ်အသင်း၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly