ပြင်သစ်နိုင်ငံ နေရာအများစုတွင် အပူချိန် ဖာရင်ဟိုက် ၈၀ ကျော်လာ၍ ကမ်းခြေသို့ လာရောက်သူ များပြား

ပြင်သစ်နိုင်ငံ နေရာအများစုတွင် အပူချိန် ဖာရင်ဟိုက် ၈၀ ကျော်လာ၍ ကမ်းခြေသို့ လာရောက်သူ များပြား

 

ပါရီ၊ ဇွန် ၃၀ ။                  ။ ပြင်သစ်နိုင်ငံ နေရာအများစုတွင် အပူချိန်က ၈၆ ဒီဂရီ ဖာရင်ဟိုက် ( ၃၀ ဒီဂရီ စင်တီဂရိတ်) အထိ မြင့်တက်ရောက်ရှိနေရာ ဖရန့်ရီဗီရာက ကမ်းခြေတွင် ဇွန် ၂၉ ရက်၌ ရေချိုး၊ ရေကူးသူများဖြင့် ပြည့်နှက်သွားခဲ့သည်။

စနေ၊ တနင်္ဂနွေတို့တွင် အပူချိန်မှာ ဆက်လက်မြင့်တက်နေမည် ဖြစ်ခြင်းကြောင့် အန်တီဘီးရှိ ကမ်းခြေသည်လည်း လာမည့် ရက်များအတွင်း လာရောက်သူများ မြင့်မားရောက်ရှိလာတော့ရန် ရှိသည်။

“နိုင်ငံတဝန်း ခုသီတင်းပတ်မှာ အပူချိန်က မြင့်တက်နေတယ်။ လာမယ့် သီတင်းပတ်တွေလည်း ဆက်လက်မြင့်တက်ဖို့ ရှိတယ်။”ဟု ပြင်သစ် အမျိုးသား မိုးလေဝသဌာနက သတိပေးထားသည်။

လာမည့် ဇူလိုင် ၁ ရက်တွင် အပူချိန် အထွဋ်အထိပ်ထိ မြင့်တက်ရန် ရှိနေကြောင်း ပညာရှင်များက ခန့်မှန်းသည်။

တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် အအေးပိုမည်ဖြစ်သော်လည်း နိုင်ငံ၏ နေရာတော်တော်များများတွင် အပူချိန် ၃၀-၃၈ စင်တီဂရိတ်ကြားအထိ မြင့်တက်မည်ဟုလည်း ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required