ရန်ကုန်လူသတ်မှု သံသယတရားခံအား လွှဲအပ်ပေးရန် ဗြိတိန် ငြင်းဆန်နေ

ရန်ကုန်လူသတ်မှု သံသယတရားခံအား လွှဲအပ်ပေးရန် ဗြိတိန် ငြင်းဆန်နေ

 

ဇွန် ၂၉ ။                          ။ ရန်ကုန်မြို့ တိုက်ခန်းတစ်ခုမှာ ဗြိတိန်နိုင်ငံသားတစ်ဦး အသတ်ခံရမှုနှင့်စပ်လျင်း၍ မြန်မာနိုင်ငံဘက်က အလိုရှိနေသော သံသယရှိ တရားခံဖြစ်သူအား လွှဲအပ်ပေးရန် ဗြိတိန်နိုင်ငံဘက်က ငြင်းဆန်နေလျက်ရှိကြောင်း သိရသည်။

ဗြိတိန်တို့အနေဖြင့် အဆိုပါ သံသယရှိ လူသတ်တရားခံ ဗြိတိန်အမျိုးသားအား ပြန်လည်လွှဲအပ်ပေးရန် ငြင်းဆန်ပြီး ယင်း၏ တရားရေးဆိုင်ရာ တာဝန်ကျင့်ဝတ်များကို လိုက်နာရန် ပျက်ကွက်နေသည်ဟု စွပ်စွဲခံနေရကြောင်း Guardian သတင်းစာက ဖော်ပြသည်။

ရန်ကုန်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုကို ကျူးလွန်သူဟု ယူဆရသည့် Harris Binotti အမည်ရ စကော့တလန် ကျောင်းဆရာကို မြန်မာဘက်သို့ လွှဲပေးမည်မဟုတ်ကြောင်း၊ အကြောင်းမှာ ပြစ်မှုကျူးလွန်သူကို ကျူးလွန်ရာ နိုင်ငံဆီ လွှဲပေးခြင်းဆိုင်ရာ စာချုပ် မရှိခြင်းကြောင့် ဖြစ်ကြောင်း ဗြိတိန် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ လွှဲပေးခြင်းက လူ့အခွင့်အရေး ဆိုင်ရာ ကတိကဝတ်များကို ချိုးဖောက်ရာ ရောက်သည်ဟုလည်း ဆိုသည်။

လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်က အသက် ၄၇ နှစ်အရွယ် ဗြိတိန်နိုင်ငံသား Gary Ferguson ဆိုသူ ရန်ကုန်တိုက်ခန်းတစ်ခု၌ အသတ်ခံရမှုတွင် ကျူးလွန်သူဟု သံသယရှိသော အသက် ၂၇ နှစ်အရွယ် Binotti ဆိုသူကို မြန်မာနိုင်ငံက အလိုရှိနေခြင်း ဖြစ်သည်။ Binotti မှာ ယခုအချိန်တွင် ဆက်လက်လွတ်မြောက်နေလျက်ရှိပြီး စကော့တလန်တွင် ရောက်နေနိုင်သည်ဟု ယုံကြည်ရသည်။

ယမန်နှစ်က ၎င်းအား လွှဲပေးရန် မြန်မာဘက်က တောင်းဆိုခဲ့သေးသည်။ သို့သော် မြန်မာနိုင်ငံတွင် သေဒဏ်ပေးသည့်စနစ် ကျင့်သုံးဆဲဖြစ်ခြင်းကြောင့် ယင်းတောင်းဆိုချက်အား ငြင်းဆန်ရန် Amnesty International က ဗြိတိန်အစိုးရကို တိုက်တွန်းခဲ့သည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required