အမေရိကန်နိုင်ငံ မီဒီယာတစ်ခုက သတင်းခန်းအတွင်း ၀င်ရောက်ပစ်ခတ်မှု ဖြစ်၍ ငါးဦး သေဆုံး

အမေရိကန်နိုင်ငံ မီဒီယာတစ်ခုက သတင်းခန်းအတွင်း ၀င်ရောက်ပစ်ခတ်မှု ဖြစ်၍ ငါးဦး သေဆုံး

နယူးယောက်၊ ဇွန် ၂၉ ။             ။ အမေရိကန်နိုင်ငံ မာရီလန်းပြည်နယ်က ဌာနေသတင်းစာတိုက်အတွင်း သေနတ်သမားတစ်ဦး ၀င်ရောက်ပစ်ခတ်ရာ လူငါးဦးသေဆုံးပြီး ဒဏ်ရာရသူများ ရှိခဲ့သည်။

ယခု ပစ်ခတ်မှုသည် ပစ်မှတ်ထားတိုက်ခိုက်ခြင်းအဖြစ် ရဲက ပြောဆိုထားသည်။

တိုက်ခိုက်သူသည်် ပြောင်းချောသေနတ်နှင့် မီးခိုးဗုံးတို့ဖြင့် ၀င်ရောက်တို်က်ခိုက်ခြင်းဖြစ်ကာ သတင်းခန်း မှန်ကို ပစ်ခွဲပြီး ၀င်ရောက်လာခြင်း ဖြစ်ကြောင်း Capital Gazette သတင်းစာတိုက် ၀န်ထမ်းများက ပြောသည်။

ရဲက ဖမ်းမိထားပြီဖြစ်သော ယင်းတိုက်ခိုက်သူမှာ ဂျာရော့ဒ်ရာမို့စ်ဆိုသူဖြစ်ပြီး ၂၀၁၂ ခုနှစ်အတွင်းက ယင်းသတင်းစာအား အသရေဖျက်မှုဖြင့် တရားစွဲရာတွင် အမှုရှုံးနိမ့်သွားခဲ့သူဖြစ်သည်ဟု အမေရိကန်မီဒီယာများက ဖော်ပြသည်။

ရဲကမူ ၎င်း၏ တိုက်ခိုက်ရသည့် ရည်ရွယ်ချက်အကြောင်း ထုတ်ပြန်ခြင်း မရှိသေးပေ။

အသက် ၃၀ ၀န်းကျင် လူဖြူအမျိုးသားကို ပစ်ခတ်မှုဖြစ်ပွားရာ နေရာတွင် ဖမ်းဆီးခဲ့ပြီး စစ်မေးနေကြောင်းသာ ရဲက ပြောခဲ့သည်။

Capital Gazette သတင်းစာကို လူမှုမီဒီယာမှ ခြိမ်းခြောက်မှုများ ရှိခဲ့၍ စစ်ဆေးနေကြောင်းလည်း ထောက်လှမ်းရေးက ဆိုသည်။

“ဒီသတင်းစာကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုပါ။”ဟု စီရင်စုရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ၀ီလီယံကရမ့်က ပြောခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required