မွေးလမ်းကြောင်း အနံ့ အသက်တွေကို ပျောက်ကင်းစေနိုင်မယ့် နည်းလမ်း (၇) ချက်

မွေးလမ်းကြောင်း အနံ့ အသက်တွေကို ပျောက်ကင်းစေနိုင်မယ့် နည်းလမ်း (၇) ချက်

ရေးသားသူ Arkar Hein
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

သင်ကိုယ်တိုင်က ခန္ဓာကိုယ်နဲ့ မွေးလမ်းကြောင်းဆိုင်ရာ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ပုံမှန်လုပ်နေမယ်ဆိုရင်တောင် မွေးလမ်းကြောင်း ( Vagina) က အနံ့ ထွက်တယ်ဆိုတာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။ ဒါပေမဲ့ အနံ့ပြင်းနေပြီး အနံ့ အမြဲ ထွက်နေမယ်ဆိုရင်တော့ ဒါကို ပုံမှန်မဟုတ်ဘူးလို့ ခေါ်ဆိုရမှာပါ။ ဒီတော့ ပထမဆုံး ဆုံး သိထားဖို့လိုတာက သဘာဝဖြစ်နေတဲ့ အနံ့က ဘယ်လိုမျိုးလဲဆိုတာပါပဲ။ အမျိုးသမီးတစ်ယောက်ချင်းစီရဲ့ မွေးလမ်းကြောင်း အနံ့ အသက်တွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ကျန်းမာတဲ့ မွေးလမ်းကြောင်းတစ်ခုရဲ့ အနံ့ဟာ ပြင်းထန်တဲ့ အမိုးနီးယား ဓာတ်ငွေ့ပုံစံ ဆီးနံ့နဲ့ဆင်တဲ့ ကတိုးနံ့နဲ့ အသားနံ့ထွက်တတ်ပါတယ်။ ဓမ္မတာ လာချိန်မှတော့ သတ္တုနံ့လို့ အနံထွက်တတ်ပြီး လိင်ဆက်ဆံခြင်းကလည်း အနံ့အသက်တွေကို ယာယီပြောင်းလဲစေနိုင်ပါတယ်။ မွေးလမ်းကြောင်းဟာ သူ့ဘာသာ သန့်ရှင်းနုုိင်တဲ့ အင်္ဂါတစ်ခု ဖြစ်ပြီး PH ပမာဏကိုထိန်းညှိခြင်းနဲ့ ကျန်းမာရေးအတွက် မကောင်းတဲ့ ဘတ်တီးရီးယားတွေကို ရှင်းထုတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ မွေးလမ်းကြောင်းမှ အနံ့အသက် သိသိသာသာပြောင်းလဲသွားခြင်း၊ ယားယံခြင်းတို့နဲ့ အတူ ပုံမှန်မဟုတ်တဲ့ မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေ ထွက်ရှိခြင်းက အနံ့ပြောင်းခြင်းထက်ပို ပြီး စိုးရိမ်ရတဲ့ လက္ခဏာပါ။ ပုံမှန်အားဖြင့် မွေးလမ်းကြောင်း အနံ့အသက်ပျောက်အောင် လုပ်စရာမလိုပေမဲ့ တစ်ခါတစ်ရံမှာတော့ မွေးလမ်းကြောင်း အနံ့အသက်ပြောင်းဖို့ လုပ်ဆောင်ရတဲ့ အချိန်တွေ ရှိပါတယ်။ အောက်မှာတော့ Hello ဆရာဝန် အမျိုးသမီးပရိတ်သတ်တွေ အတွက် ပုံမှန်မဟုတ်တဲ့ မွေးလမ်းကြောင်း အနံ့အသက်တွေကို ပျောက်ကင်းစေနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ တစ်ကိုယ်ရည် သန့်ရှင်းတတ်တဲ့ အလေ့အကျင့် ရှိပါ။

မွေးလမ်းကြောင်း အပြင်ဘက်ကို အဝတ်အစားသန့်သန့်နဲ့ ဖြစ်စေ အနံ့အသက်မပါတဲ့ ဆပ်ပြာနဲ့ ဖြစ်စေ ပုံမှန်သန့်ရှင်းပါ။ မွေးလမ်းကြောင်းကို သန့်ရှင်းတဲ့ ရေမြှပ်တွေက အရမ်းကြမ်းတမ်းနေမယ်ဆိုရင် မွေးလမ်းကြောင်းနားတစ်ဝိုက် ပေါက်ပြဲစေပြီး ကူးစက်ရောဂါတွေ ကူးစက်စေနိုင်ပါတယ်။ ဒါကြောင့်နူးညံ့တဲ့ အဝတ်နဲ့သာ သန့်ရှင်းသင့်ပါတယ်။ မွေးလမ်းကြောင်းကို သန့်ရှင်းခြင်းဟာ အရေပြားအသေတွေ၊ ချွေးတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ မွေးလမ်းကြောင်း သန့်ရှင်းတဲ့အခါမှာ ခန္ဓာကိုယ်ကို တိုက်ရတဲ့ အမွှေးအကြိုင်ပါတဲ့ ဆပ်ပြာတွေနဲ့ မဆေးပါနဲ့။ ဒီဆပ်ပြာတွေမှာပါဝင်တဲ့ အနံ့တွေနဲ့ ဓာတု ပစ္စည်းတွေက မွေးလမ်းကြောင်းရဲ့ သဘာဝ PH ပမာဏကို မညီမျှဖြစ်စေနိုင်ပါတယ်။ PH ဆိုတာ အရည်နဲ့ဒြပ်ဝတ္ထုတွေမှာ အက်စစ် (သို့) အယ်လကာလီပါဝင်မှုကို ဖော်ပြတဲ့ အတိုင်းအတာအမှတ်စနစ်တစ်ခုပါ။ ဒီအတိုင်းအတာမှာဆိုရင် ၀ ကနေ ၁၄ အထိရှိပြီး pH 7 အောက် အမှတ်တွေက အက်စစ်ပိုများနေတာကို ပြပြီး pH7 အထက် အမှတ်တွေက အယ်ကာလီ ပိုများမှုကိုပြနေတာပါ။ မွေးလမ်းကြောင်းရဲ့ PH ဟာ အနည်းဆုံး ၃.၈ ကနေ ၄.၅ အတွင်း ရှိဖို့လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာ အမျိုးသမီးမွေးလမ်းကြောင်းမှ အနံ့အသက် ပြောင်းလဲခြင်း၊ ပုံမှန် မဟုတ်တဲ့ အမျိုးသမီး အင်္ဂါမှ သွေးဆင်းခြင်းတို့ကို ကြုံနေရပြီဆိုရင် ဒါဟာ မွေးလမ်းကြောင်းရဲ့ PH ဟာ မညီမမျှ ဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

၂။ ချွေးနံ့ပျောက်ဆေးတွေကို မွေးလမ်းကြောင်း ပြင်ပတွင် သာသုံးပါ။

တကယ်လို့ အနံ့အသက်ဖျန်းဆေးတွေနဲ့ ရေမွှေးတွေသုံးချင်တယ်ဆိုရင်လည်း မွေးလမ်းကြောင်း ပြင်ပ ဧရိယာတွေကိုသာသုံးပါ။ မွေးလမ်းကြောင်း အတွင်းသို့ လုံးဝမသုံးပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဒီလို မွေးလမ်းကြောင်းရေမွှေးတွေက သင့်မွေးလမ်းကြောင်းရဲ့ သဘာဝဓာတု ဓာတ်တွေကို နှောင့်ယှက်နိုင်ပြီး ပိုဆိုးရွားတဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

၃။ အတွင်းခံကို ပြောင်းလဲဝတ်ဆင်ပါ။

သင်ဟာ ဖဲသား၊ ပိုးသားနဲ့ ပိုလီအက်စတာ ချည်မျှင်တွေနဲ့ လုပ်ထားတဲ့ အောက်ခံဘောင်းဘီတွေကို ဝတ်ဆင်လေ့ရှိသူတစ်ယောက်ဆိုရင် ၁၀၀ ရာခိုင်နှုန်း ချည်သားနဲ့ လုပ်ထားတဲ့အောက်ခံဘောင်းဘီတွေကို ဝတ်ဆင်ပါ။ ချည်သားတွေဟာ လေဝင်လေထွက်နိုင်တဲ့အတွက် ခန္ဓာကိုယ်က ချွေးတွေနဲ့ အရည်တွေကို ခန္ဓာကိုယ်ကနေ ရှင်းလင်းပေးနိုင်ပါတယ်။ အငွေ့ပျံမှု များနေခြင်းကလည်း မွေးလမ်းကြောင်း သဘာဝ ဘတ်တီးရီးယား ပမာဏကို ပြောင်းလဲစေနိုင်ပါတယ်။

၄။ pH ထုတ်ကုန်တွေကို အသုံးပြုပါ။

ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူလို့ရနိုင်တဲ့ PH ထုတ်ကုန်တွေဟာ သင့်မွေးလမ်းကြောင်းရဲ့ သဘာဝ PH ပမာဏကို ပုံမှန်အတိုင်း ဖြစ်စေနိုင်ပါတယ်။ သင့်အနေနဲ့ ဒီ PH ပစ္စည်းတွေကို သုံးကြည့်တဲ့အခါ အနံ့က ပိုဆိုးလာမယ်ဆိုရင် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။ ဒီလို အနံ့ပိုဆိုးလာခြင်းက သင့်အနေနဲ့ တစ်ခြားသော ထုတ်ကုန်ကို ပြောင်းလဲအသုံးပြုဖို့ လိုတာမျိုး (သို့မဟုတ်) သောက်ဆေးသောက်သုံးဖို့ လိုအပ်တာမျိုး ဖြစ်နိုင်ပါတယ်။

၅။ သဘာဝ အဆီတွေကို အသုံးပြုပါ။

လက်ဖက်အဆီလို သဘာဝအဆီတွေက မွေးလမ်းကြောင်း အနံ့အသက်ကို ပျောက်ကင်းစေနိုင်တယ်ဆိုတာကို များများစားစား လေ့လာထားတာမရှိသေးပါဘူး။ ဒါပေမဲ့ လက်ဖက်ဆီလို သဘာဝ အဆီက ဘတ်တီးရီးယားတွေနဲ့ မှိုကူးစက်ခြင်းကို တိုက်ဖျက်ပေးနိုင်ပါတယ်။ အသုံးပြုနည်းကတော့ လက်ဖက်ဆီကို ရေနဲ့ အနည်းငယ်ရာပြီး မွေးလမ်းကြောင်း အပြင်ဘက် ကို တစ်စက်၊ နှစ်စက်ချကာ အသုံးပြုပါ။ အဲ့နောက် ဒီပုံစံအတိုင်းပဲ ၃ ရက်ကနေ ၅ ရက်အထိ အသုံးပြုပါ။ အနံ့အသက်တွေက မသက်သာဘူး၊ ပိုဆိုးလာမယ်ဆိုရင်တော့ သုံးစွဲခြင်းကို ရပ်တန့်သင့်ပါတယ်။

၆။ ရှာလကာရည်။

ရေနွေးကန်တွေနဲ့ ရေနွေးနဲ့ ရေချိုးခြင်းက သင့်ရဲ့ သဘာဝ PH ပမာဏကို ပြောင်းလဲစေနိုင်ပါတယ်။
ဒါ့ကြောင့် ရေနွေးကန်နဲ့ ရေချိုးမယ်ဆိုရင်လည်း apple cider vinegar လို့ခေါ်တဲ့ ပန်းသီးတွေကို ကျိတ်ပြီး ပြုလုပ်ထားတဲ့ ရှာလကာရည် လက်ဖက်ရည် ပန်းကန်လုံး တစ်ခွက်ခန့်ကို ရေနွေးချိုးကန်ထဲထည့်ပြီး မိနစ် ၂၀ ခန့်စိမ်ပေးပါ။ ရှာလကာရည်ဟာဘတ်တီးရီးယားတွေကို လျှော့ချပေးနိုင်ပါတယ်။

၇။ သောက်ဆေးများ။

ရောဂါ အကြောင်းရင်းကြောင့် အနံ့ထွက်နေရတာဆိုရင်တော့ သောက်ဆေးတွေက အနံ့အသက်ကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒီဆေးတွေကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သာ သောက်သုံးသင့်ပါတယ်။

အနံ့အသက်ပြင်းလာတဲ့အပြင် ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ ဝေဒနာတွေကိုပါ ခံစားလာရမယ်ဆိုရင်တော့ ကိုယ့်ဘာသာ ဆေးမြီးတိုတွေနဲ့ မကုသသင့်ဘဲ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။မွေးလမ်းကြောင်း အနံ့တွေက ပုံမှန်အနံ့ထက်ပိုဆိုးလာမယ်၊ ငါးညှီနံ့လို့ အနံ့ထွက်နေတယ်ဆိုရင် ဒါဟာ ရောဂါတစ်ခု စတင်ဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။တစ်ချို့သော မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေက ပုံမှန်ဖြစ်ပြီး မွေးလမ်းကြောင်းအရည်တွေက သိသိသာသာ အရောင်ပြောင်းလာမယ်၊ မွေးလမ်းကြောင်းတစ်ဝိုက်ယားယံလာမယ်ဆိုရင်တော့ ကူးစက်ရောဂါ ခံစားနေရတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

၈။ မွေးလမ်းကြောင်း အနံ့ထွက်ခြင်းကို ဘယ်လို ကာကွယ်ရမလဲ။

Probiotics လို့ခေါ်တဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဘတ်တီးရီးယားတွေ ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တဲ့ ဒိန်ချဉ်၊ နို့ထွက်ပစ္စည်းတွေနဲ့ ဂေါ်ဖီ အချဉ်တို့ကို စားသုံးသင့်ပါတယ်။

၉။ ကျန်းမာရေးအတွက် သင့်လျော်တဲ့ အာဟာရတွေကို မှီဝဲပါ။

အသီးအရွက်တွေ၊ ဂျုံစေ့တွေ၊ ပရိုတင်းနည်းပါးတဲ့ အစားအစာတွေကို မှီဝဲပါ။ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အာဟာရတွေဟာ ခန္ဓာကိုယ်အတွက်ကောင်းမွန်စေနိုင်ရုံသာမက မွေးလမ်းကြောင်း ကျန်မာရေးအတွက်လည်းကောင်းမွန်စေနိုင်ပါတယ်။

၁၀။ ရေများများသောက်ပါ။

ရေများများ သောက်ခြင်းကြောင့် ရမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက အရေပြားတစ်ခုတည်း အတွက် မဟုတ်ပါဘူး။ ရေများများသောက်တဲ့အခါမှာ မွေးလမ်းကြောင်းနားတစ်ဝိုက်မှ ချွေးများများထွက်စေပြီး အရည်များကိုလည်း စွန့်ထုတ်စေနိုင်ပါတယ်။

၁၁။ အနံ့အသက်ပါတဲ့ မွေးလမ်းကြောင်း သန့်ရှင်းဆေးရည်တွေကို ရှောင်ပါ။

ဒီလို သန့်ရှင်းဆေးရေတွေက မကောင်းတဲ့ ဘတ်တီးရီးယားတွေကိုသာ သတ်နိုင်တာမဟုတ်ပါဘူး။
မွေးလမ်းကြောင်းအတွက် ကောင်းမွန်တဲ့ ဘတ်တီးရီးယားတွေကိုပါ သတ်ပစ်နိုင်ပါတယ်။ ဒီလို ဆေးရည်တွေမှာ ရေနဲ့ ရှာလကာရည်အပြင် ပိုးသတ်ဆေးနဲ့ အနံ့အသက်တွေပါဝင်တတ်ပါတယ်။ ဒါပေမဲ့ ဒီဆေးရည်တွေဟာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ ဘတ်တီးရီးယားတွေကိုပါ သတ်ပစ်နိုင်တဲ့အတွက် မွေးလမ်းကြောင်း အနံ့အသက်ကို ပိုဆိုးလာစေနိုင်ပါတယ်။ ခန္ဓာကိုယ်က မကောင်းတဲ့ ဘတ်တီးရီးယားတွေကို သူ့ဘာသာရှင်းလင်းနိုင်တဲ့အတွက် ဒီဆေးရည်တွေကို သုံးစရာမလိုပါဘူး။

၁၂။ လိင်ဆက်ဆံအပြီး မွေးလမ်းကြောင်းကိုဆေးကြောပါ။

လိင်ဆက်ဆံချိန်မှာ ဘတ်တီးရီးယားတွေနဲ့ ပြင်ပက ပစ္စည်းတွေ ဖြစ်တဲ့ ချောဆီတွေနဲ့ ကွန်ဒုံးမှ သုက်သတ်ဆေး (ပဋိသုက္ကဆေး) တွေမွေးလမ်းကြောင်းအတွင်းဝင်ရောက်လာနိုင်ပါတယ်။
လိင်မဆက်ဆံနဲ့ လိင်ဆက်ဆံအပြီး ရေနဲ့ ဆေးကြောပေးခြင်းက သဘာဝဘတ််တီးရီးယား ပမာဏကို ထိန်းသိမ်းပေးနိုင်ပါတယ်။

၁၃။ အဝတ်အစားကြပ်ကြပ် မဝတ်ပါနဲ့။

အဝတ်အစားကြပ်ကြပ်ဝတ်ဆင်တဲ့အခါ မွေးလမ်းကြောင်းနဲ့ ပေါင်ခြံကြား ဧရိယာတွေ လေဝင်လေထွက်မကောင်းတော့ပါဘူး။ အောက်စီဂျင် ပမာဏ များများရခြင်းကလည်း ကျန်းမာတဲ့ မွေးလမ်းကြောင်း တစ်ခု ဖြစ်ဖို့ အတွက် အရေးပါပါတယ်။

၁၄။ ၁၀၀ ရာခိုင်နှုန်း ချည်ထည် အတွင်းခံကိုသာ ဝတ်ဆင်ပါ။

ချည်ထည်အတွင်းခံတွေက ချွေးထွက်ခြင်းနဲ့ မွေးလမ်းကြောင်း စွန့်ပစ်ပစ္စည်းတွေကြောင့် ဖြစ်တဲ့ စိုထိုင်းမှုကို ရှင်လင်းပေးနိုင်ပါတယ်။ လူလုပ် ချည်မျှင်တွေက စိုထိုင်းမှု ကို မရှင်းပေးနိုင်ပါဘူး။

ဒီလို မွေးလမ်းကြောင်း အနံ့ကို သဘာဝအတိုင်း ပျောက်ကင်းစေတဲ့ နည်းလမ်းတွေဟာ မွေးလမ်းကြောင်းအနံ့ကို တစ်ပတ်ခန့်အတွင်း သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ အနံ့ မပျောက်သွားဘူး၊ ပိုဆိုးလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ မွေးလမ်းကြောင်း အနံ့အသက်ပြင်းခြင်းဟာ ပိုပြီးဆိုးတဲ့ ရောဂါတစ်ခုကို ပြနေတာ ဖြစ်တဲ့အတွက် ရောဂါ အခြေအနေ ပိုမဆိုးလာခင် ဆရာဝန်နဲ့ ပြသခြင်း က အကောင်းဆုံး ဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly