မြန်မာရုပ်ရှင်ကား ၄၀၀ကျော်ကို ကြည့်ရှုနိုင်မယ့် မိုဘိုင်းအက်ပလီကေးရှင်းမိတ်ဆက်

မြန်မာရုပ်ရှင်ကား ၄၀၀ကျော်ကို ကြည့်ရှုနိုင်မယ့် မိုဘိုင်းအက်ပလီကေးရှင်းမိတ်ဆက်
ဓာတ်ပုံ - သက်ကို

ရန်ကုန် ၊ ဇွန် ၂၇ ရက်  ။               ။ မြန်မာရုပ်ရှင်ကား ၄၀၀ကျော် ကို အပတ်စဉ် ကြည့်ရှုနိုင်မယ့် မဟာမိုဘိုင်းအက်ပလီကေးရှင်းကို ဇွန်လ ၂၇ ရက်က ရန်ကုန်မြို့၊ ၀င်္ကပါလမ်းရှိ ရုပ်ရှင်အစည်းအရုံးမှာ မိတ်ဆက်ခဲ့ပါတယ်။

ဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ MPT နဲ့ မဟာမိုဘိုင်းအက်ပလီကေးရှင်းတို့ ပူးပေါင်းဆောင်ရွက်တဲ့ ဒီ App မှာ မြန်မာရုပ်ရှင်/ဗီဒီယိုဇာတ်ကားများကို အဓိကထားပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

" လောလောဆယ်ကတော့ ကားကောင်းတွေကိုပဲ ပြသပေးနိုင်အောင် လူတွေကြိုက်နှစ်သက်တဲ့ ကားကောင်း တွေ ပြသပေးနိုင်အောင် ကြိုးစားနေပါတယ်။ ရုံတင်ပြီး တစ်နှစ်လောက်ကြာရင် အကုန်ပြသပေးသွားမှာပါ  " ဟု CEO ဦးဝင်းခိုင် (မဟာအက်ပလီကေးရှင်း) က ပြောပါတယ်။

ဒါကြောင့် မြန်မာဇာတ်ကားကောင်းများ၊ ရုပ်ရှင်ကားဟောင်းများကို အရင်ပြသမှာဖြစ်ပြီး ဇာတ်ကားသစ်များပါ ထပ်မံကြည့်ရှုနိုင်ရန် စီစဉ်ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိှတွင် အပလီကေးရှင်းမိတ်ဆက်သည့်အနေဖြင့် ရုပ်ရှင်ကားများကို ဒေါင်းလုတ်ပြုလုပ်ပြီး ရ ရက် အခမဲ့ ကြည့်ရှုနိုင်ကာ MPT ဆင်းကတ် အသုံးပြုသူတိုင်း သုံးစွဲနိုင်မှာပါ။ လတ်တလောမှာတော့ Android ဖုန်းများမှာ ရရှိနိုင်မှာဖြစ်ပြီး iOS တွင် မကြာမီရရှိနိုင်မယ်လို့ သိရပါတယ်။

မြန်မားဇာတ်ကား တစ်ကားလျှင် မြန်မာငွေကျပ် ၁၅၀ ကျပ်နဲ့ ၀ယ်ယူနိုင်ပြီး ဒီ အပလီကေးရှင်းကို ဒေါင်းလုတ် ဆွဲ၍ ဖြစ်စေ၊ အီးမေးလ်နဲ့ ဖြစ်စေ၊ ဖေ့ဘွတ်ခ်အကောင့်နဲ့ ဖြစ်စေ ၀င်ရောက်စာရင်းသွင်းပြီး သုံးစွဲနိုင်မယ်လို့ သိရပါတယ်။

မကြာသေးခင်ကလည်း MNL ဘောလုံးအပလီကေးရှင်းကို အမ်ပီတီမှ မိတ်ဆက်ခဲ့သေးပြီး ဆက်သွယ်ရေး အော်ပရေတာအနေဖြင့် မိုဘိုင်း App များ ပူးပေါင်းဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly