ရခိုင်မှာ လူသားဖြစ်တည်မှုအပေါ် ဖောက်ဖျက်ကျူးလွန်မှုတွေကို မြန်မာစစ်ခေါင်းဆောင်တွေ အဓိက ကွပ်ကဲခဲ့ဟု AI အဖွဲ့ စွပ်စွဲ

ရခိုင်မှာ လူသားဖြစ်တည်မှုအပေါ် ဖောက်ဖျက်ကျူးလွန်မှုတွေကို မြန်မာစစ်ခေါင်းဆောင်တွေ အဓိက ကွပ်ကဲခဲ့ဟု AI အဖွဲ့ စွပ်စွဲ
ဓာတ်ပုံ - AFP

 

ဇွန် ၂၇ ။          ။ မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေဟာဆိုရင် ရခိုင်မှာ လူသားဖြစ်တည်မှုအပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်ဆိုပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International (AI) က ထုတ်ဖော်စွပ်စွဲလိုက်ပါတယ်။

ရခိုင်မှာ ဘင်္ဂါလီ မွတ်ဆလင်တွေအပေါ် ပစ်မှတ်ထားတဲ့ စနစ်တကျ တိုက်ခိုက်မှုတစ်ရပ်ကို အဆိုပါ မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေက ဦးစီးကြီးကြပ်ခဲ့တယ်လို့လည်း AI အဖွဲ့ ရေးသားထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ယင်းအတွက်ကြောင့် စစ်တပ် ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ် ခုံရုံး (ICC) မှာ စုံစမ်းတရားစွဲဆိုဖို့ကိုလည်း AI အဖွဲ့က ယင်းအစီရင်ခံစာထဲမှာ တောင်းဆိုထားပါတယ်။

မြန်မာစစ်တပ်ဘက်ကတော့ နိုင်ငံမဲ့ လူနည်းစုအသိုင်းအဝိုင်းအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း တွင်တွင်ငြင်းဆိုထားပြီး ၂၀၁၇ သြဂုတ်လက ရဲကင်းစခန်းတွေကို တိုက်ခိုက်သွားတဲ့ မွတ်ဆလင် စစ်သွေးကြွတွေရဲ့ ရန်ကနေသာ ခုခံကာကွယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ဒါပေမယ့် AI အဖွဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာစစ်တပ် ခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အခြားသော စစ်ဘက်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ လုံခြံုရေး အရာရှိ ၁၂ ဦး တို့ဟာ ရခိုင်မှာ ကျူးလွန်တိုက်ခိုက်မှုတွေကို ဦးစီးကွပ်ကဲခဲ့တယ်ဆိုပြီး စွပ်စွဲထားပါတယ်။

ရခိုင်ကိစ္စနဲ့ပတ်သက်လို့ မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေ ယခုလို အမည်တပ်ဖော်ပြခံရတာ ဒါ ပထမဆုံးလည်း ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required