ရန်ကုန်တိုင်းတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် လက်ဝယ်တွေ့ရှိမှု လျော့နည်းလာဟု ဆို

ရန်ကုန်တိုင်းတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် လက်ဝယ်တွေ့ရှိမှု လျော့နည်းလာဟု ဆို
ဓာတ်ပုံ-သက်ကို
 

ရန်ကုန် ၊ ဇွန် ၂၆ရက် ။         ။ ရန်ကုန်တိုင်းဒေသကြီးတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် လက်ဝယ်တွေ့ရှိမှုမှာ ယခင်နှစ်ကထက် လျော့ကျသွားကြောင်း တိုင်းရဲတပ်ဖွဲ့ ရဲမှူးကြီးမြင့်ထွေးက ပြောသည်။

ရန်ကုန်မြို့၊ လှိုင်သာယာ YBS ယာဉ်ရပ်နားကွင်းတွင် ဇွန်လ ၂၆ ရက်က ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မီးရှိ့ဖျက်ဆီးပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

" အမှုပေါင်းကတော့ ၁၉၂၁ မှု၊ မနှစ်က ရှို့တာ အရေအတွက်အားဖြင့် ၂၅ မျိုးမှာ ဒေါ်လာသန်းပေါင်း ၂၁၇.၉ သန်း ဖြစ်တဲ့အတွက် ဒီထက်တော့ ပိုများပါတယ်။ မနှစ်က အဓိကကျတဲ့စိတ်ကြွရူးသွပ်ဆေးပြား ရ၄သန်းကျော် ရှို့ပါတယ်။ ဒီနှစ်ကတော့ ၂၇သန်းကျော် ရှို့တာ ဖြစ်ပါတယ်” ဟု ရဲမှူးကြီးမြင့်ထွေးက ပြောသည်။

ယခုနှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိသော ဆေးပြား၊ WY ၊ ဆေးခြောက်၊ ဘိန်းဖြူအပါအဝင် မူးယစ်ဆေးဝါးပေါင်း ၂၅မျိုးကို မီးရှို့ဖျက်ဆီးခဲ့ကြခြင်း ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၆၆.၃ သန်းကျော်ဖိ်ုး ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် ယခင်နှစ်ကထက် ၄ ပုံ ၁ ပုံခန့် မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် လက်ဝယ်တွေ့ရှိမှု ကျဆင်းခဲ့ကြောင်း ယနေ့ မီးရှိ့ဖျက်ဆီးပွဲ၏ အချက်အလက်များအရ သိရသည်။

မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်း၊ ဒုဥက္ကဋ္ဌ ဦးလှဦးက " လူထုပညာပေးအခမ်းအနားတွေ လုပ်တယ်။ ကျောင်းသားလူငယ်တွေ၊ ပညာပေးတွေ လုပ်တယ် ။ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတယ်။ နောက်တစ်ခါ မူးယစ်ဆေးဝါးဆိုတာ သုံးပြီးရင် လူမှုဘဝတွေ ပျက်စီးတယ်ဆိုတဲ့ အကြောင်းတရားကို ကျွန်တော်တို့က ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေပါတယ်” ဟု ဆိုသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့အနေဖြင့် ပညာပေး ဟောပြောများအား ကျောင်းများ၊ အရပ်ဒေသများတွင် အဓိကပြုလုပ်နေပြီး မူးယစ်ဆေးဝါး လျော့နည်းကျဆင်းရုံသာမကဘဲ အမြစ်ပြတ်အောင်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ ရဲမှူးကြီးမြင့်ထွေးက ပြောဆိုသွားသည်။

မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကိုလည်း နိုင်ငံတော်သမ္မတရုံးမှ ဇွန်လ ၂၂ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး ဖုန်း ၀၆၇- ၅၉၀၂၀၀၊ Fax - ၀၆၇-၅၉၀၂၃၃၊ အီးမေးလ်[email protected] တို့သို့ လုံခြံုစိတ်ချစွာဖြင့် တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required