ရခိုင်အရေးကိစ္စနဲ့ပတ်သက်ပြီး မြန်မာစစ်ဖက်အရာရှိများကို EU ဆန်ရှင်ပြုလုပ်

ရခိုင်အရေးကိစ္စနဲ့ပတ်သက်ပြီး မြန်မာစစ်ဖက်အရာရှိများကို EU ဆန်ရှင်ပြုလုပ်

ရန်ကုန်၊ ဇွန် ၂၆ ။          ။ ရခိုင်ပြည်နယ်အရေးကိစ္စများနှင့်ပတ်သက်ပြီး မြန်မာစစ်ဖက်ဆိုင်ရာအရာရှိကြီးများကို ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ်မှုများပြုလုပ်ခဲ့သည်။

ကစထမှူးအဖြစ် ဆောင်ရွက်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော အပါအဝင် အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုး၊ အမှတ် ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်သန်းဦး ၊ အမှတ် ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် အောင်အောင်၊ အမှတ် (၁၅) တပ်မမှူး ဗိုလ်ချုပ် ခင်မောင်စိုး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်သူရစန်းလွင် နှင့် အမှတ် ၈ လုံခြံုရေးရဲတပ်ရင်း တပ်မမှူး ရဲချုပ်သန့်စင်ဦးတို့ကို အရေးယူဒဏ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလီ( မူရင်း ရိုဟင်ဂျာ) တွေအပေါ် ညှဉ်းပန်းနှိပ်စက်မှု များအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ အစုလိုက် အပြံုလိုက်မောင်းထုတ်ခဲ့မှု စသည့် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များကြောင့် အရေးယူခဲ့ခြင်းဖြစ်သည်။

ဇွန် လ ၂၅ ရက်နေ့တွင် Luxembourg နိုင်ငံမှာကျင်းပမယ့် EU ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ဥရောပသမဂ္ဂ၏ဒဏ်ခတ်အရေးယူမှုထဲတွင် ဥရောပနိုင်ငံများသို့ ခရီးသွားလာခွင့် ပိတ်ပင်ခြင်း ၊ ဥရောပနိုင်ငံတွင် ရှိနေသည့် ၄င်းတို့၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်းစသည့်အချက်များ ပါ၀င်မှာဖြစ်သည်။

EU က အရေးယူခဲ့သည့် မြန်မာစစ်ဖက်အရာရှိကြီးများအနက် ကစထမှူ း ဒုတ်ယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောနှင့် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်စိုးတို့အား တပ်မတော်မှ ထုတ်ပယ်ခဲ့ပြီးဖြစ်သည်ဟု ဇွန်လ ၂၅ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံးကသတင်းထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required