လွတ်လပ်ခွင့်အတွက် တရုတ်ကို ဝိုင်းဖိအားပေးရန် နိုင်ငံတကာအား ထိုင်ဝမ်သမ္မတ တိုက်တွန်း

လွတ်လပ်ခွင့်အတွက် တရုတ်ကို ဝိုင်းဖိအားပေးရန် နိုင်ငံတကာအား ထိုင်ဝမ်သမ္မတ တိုက်တွန်း

တိုင်ပေ၊ ဇွန် ၂၅  ။             ။ ထိုင်ဝမ်သမ္မတ ထိုင်အန်ဝန်က လွတ်လပ်ခွင့်အတွက် ရပ်တည်ခြင်းဖြင့် တရုတ်ကို ဝိုင်းဝန်းဖိအားပေးကြရန် နို်င်ငံတကာအား ဇွန် ၂၅ ရက်က တိုက်တွန်းပြောလိုက်သည်။

ထိုင်ဝမ်ကျွန်း၏ အိမ်နီးချင်း မဟာအင်အားကြီးနိုင်ငံကို ကမ္ဘာ့ဒီမိုကရေစီအား ခြိမ်းခြောက်နေသည့် အဖြစ်မျိုး စောင်းပါးရိပ်ခြည် ပြောလိုက်ခြင်းလည်း ဖြစ်သည်။

သမ္မတ ထိုက်အန်ဝန် ကိုယ်တိုင် ပြောဆိုသုံးနှုန်းထားသော ပေကျင်း၏ ကြီးမားလွန်းသော ဖိအားကို ထိုင်ဝမ်က ရင်ဆိုင်နေရသည့် အခြေအနေတွင် ၎င်းက ဇွန် ၂၅ ရက်က အေအက်ဖ်ပီနှင့် အင်တာဗျူးတွင် ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

တရုတ်၏ နယ်ချဲ့သည့် ရည်ရွယ်ချက်ကို ဆန့်ကျင်နေသည့် ထိုင်ဝမ်နှင့်အတူ စုစည်းပူးပေါင်းကာ လွတ်လပ်ရေးစံနှုန်းများကို ကာကွယ်ရေးကိုလည်း အခြားနိုင်ငံများသို့ ထိုင်အန်ဝန်က တိုက်တွန်းပြောဆိုသည်။

“ထိုင်ဝမ်အတွက် စိန်ခေါ်မှုပဲ မဟုတ်ပါ။ ဒါဟာ ဒေသတွင်းနဲ့ တစ်ကမ္ဘာလုံးအတွက်ပါ စိန်ခေါ်မှုကြီးပဲ ဖြစ်တယ်။ ဘာကြောင့်လည်းဆို ဒီနေ့ဟာ ထိုင်ဝမ်ရဲ့ စိန်ခေါ်မှုဖြစ်နေပေမယ့် နောက်နေ့မှာ ဒီ တရုတ်ရဲ့ သြဇာအာဏာချဲ့ထွင်မှုကို နောက်ထပ်အခြားနို်င်ငံတစ်ခု ရင်ဆိုင်ရလိမ့်ဖွယ် ရှိလို့ပဲ။”ဟု ၎င်းက ပြောသည်။

ထိုင်ဝမ်ကို တရုတ်ပြည်မကြီး၏ ပိုင်နက်တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ယူဆထားကာ လိုအပ်လျှင် အင်အားသုံးရလိမ့်မည်ဟု ပြောဆိုထားသော တရုတ်နိုင်ငံမှ ထိုင်ဝမ်သို့ ကျုးကျော်မှု ဖိအားများ ရင်ဆိုင်နေခဲ့ရပြီးနောက် သမ္မတ ထိုင်အန်ဝန်က ယခုကဲ့သို့ ပြောလာခြင်းပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required