အဆိုတော် အစ္စဏီအမှုတွင် တရားလိုနှင့် မှုခင်းဆရာဝန်ကြီးအား စစ်ဆေး

အဆိုတော် အစ္စဏီအမှုတွင် တရားလိုနှင့် မှုခင်းဆရာဝန်ကြီးအား စစ်ဆေး

ရန်ကုန် ဇွန် ၂၅ ။       ။ အလိုမတူ အဓမ္မပြုကျင့်မှုဖြင့် တရားစွဲဆိုခံထားရသော အဆိုတော်အစ္စဏီ (ခ) ဟန်ထွန်းဇော်အား ဇွန်လ ၂၅ ရက်နေ့၊ နေ့လည်ပိုင်းက ရန်ကုန်၊ တာမွေမြို့နယ်တရားရုံးတွင် ရ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး ယနေ့ ရုံးချိန်းတွင် မော်ဒယ်စူးရှထက်နှင့် မှုခင်းဆရာဝန်ကြီးအား စစ်ဆေးခဲ့ကြောင်း သိရသည်။

ယနေ့ ရုံးချိန်းတွင် တရားလိုဖြစ်သူ မော်ဒယ်စူးရှထက် (ခေါ်) မဇာခြည်ဌေးကို တတိယအကြိမ် လာရောက် ခဲ့ခြင်း ဖြစ်ပြီး ယနေ့ စစ်ဆေးမှုနှင့်ပတ်သက်ပြီး အသေးစိတ်ကိုတော့ သိရှိရခြင်း မရှိသေးပေ။

အမှုဖြစ်စဉ်မှာ ဧပြီလ ၁၁ ရက် ညပိုင်းက မော်ဒယ် စူးရှထက်(ခေါ်)မဇာခြည်ဌေး (၂၇)နှစ်အား ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု တိုင်ကြားခဲ့ပြီးနောက် အစ္စဏီ (ခ) ဟန်ထွန်းဇော်အား တာမွေမြို့မရဲစခန်းတွင် (ပ)၃၆၂ /၂၀၁၈ ရာဇသတ်ကြီးဥပဒေ ပုဒ်မ - ၃၇၆ /၃၂၅/၃၂၄ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ် သည်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ ၅ ကြိမ်မြောက်ရုံးချိန်း တွင် တရားခံဘက်က နောက်ထပ်ရှေ့နေတစ်ဦးကို ရှေ့နေပါဝါ လွှဲပြောင်းခဲ့သည်ဟု သိရပြီး ပြီးခဲ့သည့် ၆ ကြိမ်မြောက်ရုံးချိန်းတွင် တရားလို လာရောက်ခဲ့ခြင်း မရှိပေ။

စွဲဆိုထားသည့်အမှုနှင့်စပ်လျဉ်း၍ တရားဥပဒေဘောင်အတွင်းမှ ဆက်လက်ဆောင်ရွက်သွားမည်ဟု မော်ဒယ် စူးရှထက်က ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly